Saturday, March 19, 2011

လွမ်းစေတဲ့မိန်ရာသီ

 


မင်းရဲ့အလှတွေက 
သိပ်ကိုဖမ်းစားလွန်းနေပါလား
မိန်ရာသီရယ်... 
တစ်ကမ္ဘာလုံးက 
လှပမှုတွေပေါင်းစုထားသလိုဘဲကွယ်....

မင်းရဲ့ရွက်ကြွေတွေကြားက
ငါချစ်ရသူရဲ့ 
ခြေသံဖွဖွတွေကိုလည်း ပြန်ကြားမိပါရဲ့....

မင်းရဲ့ ကောင်းကင်က 
ကြယ်တွေကြားမှာလည်း 
ငါ့ချစ်သူကို လိုက်လံရှာဖွေဖူးပါရဲ့...

မင်းဖန်တီးထားတဲ့
ညနေခင်း တိမ်တွေရဲ့
ဆန်းပြားမှုတွေဟာလည်း
ငါ့နှလုံးသားဒဏ်ရာကို 
ပိုလို့သာ နက်ရှိုင်းစေပါရဲ့..

ချစ်သူကိုလည်း 
အကြိမ်ကြိမ် အဖန်ဖန်
သတိရ လွမ်းဆွတ်မိစေပါရဲ့..

ငါချစ်ရတဲ့သူတွေနဲ့ 
တွေ့ဆုံခွဲခွာခဲ့ဖူးရတဲ့ 
မင်းရဲ့ ရာသီအလယ် 
အခုတော့ 
ဆွံ့အစွာ ငါအထီးကျန်မိတယ်.....

မိန်ရာသီရေ.......
စွယ်တော်ဖြူတွေလောက်တောင်မှ 
မပျော်နိုင်တဲ့ ငါ့ဘ၀အတွက်
သရဖီရနံ့သင်းတဲ့
မင်းရဲ့လေပြည်တွေမှာ 
တိုးတိတ်စွာ
လွင့်ပါပျောက်ကွယ်သွားခွင့် ပြုပါတော့လားကွယ်...


photo credit : cartmellgallery.com