Tuesday, October 26, 2010

သူမ



ညဉ့်ငှက်ငယ်လေးတွေတောင်
အိပ်မောကျကုန်တဲ့
ဒီလိုညမှာ
ရွက်ကြွေတွေကြား
လေပြည်ဟာ
ခပ်တိုးတိုး တေးဆိုနေလေရဲ့.....။

ဆိတ်ငြိမ်တဲ့ ကောင်းကင်မှာ
ပြာလဲ့လဲ့ ကြယ်တွေသာ
နဂါးငွေ့တန်းတွေကြား
မြူးထူးပျော်ပါးကြလို့ရယ်.....။

ချမ်းစိမ့်တဲ့ ရာသီဟာ
အလွမ်းတွေကို
ရွာကျသွားစေတယ်....။

သွားခဲ့ဖူးတဲ့
မိုးမခပင်အောက်ဝယ်
ထိုင်ခဲ့ဖူးတဲ့
ခုံတန်းလေးထက်ဝယ်
အခါခါသာ ဖွေရှာ.....

သူ့ကို လက်လွှတ်မိခဲ့သည်လား
သူက ထားခဲ့ပြီးလား...

နှလုံးသားမှာတော့
အဖြေမသိနိုင်တဲ့ တမ်းတခြင်းတွေ။။