Friday, May 1, 2009

မေ

မေ........တဲ့။ ပြက္ခဒိန်ကိုကြည့်လို့ အစဉ်လိုက် ရေလိုက်ရင် (၅)ခုမြောက် လကလေးတစ်လ..။ (၁၂)လရာသီထဲက (၃၁)ရက်ရှိတဲ့ (ဂ)လမှာ အပါအ၀င်ဖြစ်တဲ့လ..။ ဒဏ္ဍာရီထဲက မေယာလို့ အမည်တွင်တဲ့ နတ်သမီးကို အစွဲပြုပြီးခေါ်ဆိုထားတဲ့ လ..။
မေဆိုရင် နွေရောက်ပြီလို့ လူတကာသိကြတယ်..။ မေဟာ ပူနွေးမှုကိုနှစ်သက်သူတွေအတွက်တော့ ပျော်ရွှင်ဖွယ်ကောင်းပေမယ့် အေးမြမှုကိုလိုလားသူတွေအတွက်တော့ ဝေးဝေးကရှောင်ချင်စရာဖြစ်မယ်..။ မေရဲ့ ရာသီပန်းဟာ Lily of the Valley ဖြစ်တယ်...။ ဒီမေမှာ ကြည်နူးစရာတွေကြုံခဲ့သလို ၀မ်းနည်းစရာတွေလည်း ကြုံခဲ့တယ်.. အမှတ်ရစရာတွေရှိသလို အလွမ်းတွေလည်း ဆွတ်ပျံ့ကျန်ရစ်တယ်.......သတိရခြင်းတွေလည်း ................။ ဖြစ်တည်ခွင့်ပေးသလို အစားမထိုးနိုင်တာတွေကိုလည်း ထာဝရသိမ်းပိုက်ဆောင်ယူသွားတဲ့..မေရေ........... ဒီတစ်နှစ်တော့ မင်းကို ခံစားမှုကင်းကင်းနဲ့ ကြိုဆိုလိုက်တယ်............။