Wednesday, February 25, 2009

အမေ့အတွက်








သွက်လက် ဖျတ်လတ်ချင်တုန်းဘဲလား အမေ
သားအတွက်တော့
အမေ့ပုံရိပ်တွေက
ရင်မှာ အမြဲဖျတ်လတ်လှုပ်ရှားနေဆဲပါအမေ..။


ကျွေးချင် မွေးချင်တုန်းဘဲလား အမေ
သားအတွက်တော့
အမေ့ကျေးဇူးတွေနဲ့ ၀ခဲ့ပြီမို့
သားတစ်ပြန် လုပ်ကျွေးပါရစေ အမေ...။

ပြုစုချင် ယုယပေးချင်တုန်းဘဲလား အမေ
သားကတော့
အမေ့ပျိုးထောင်မှုအောက်မှာ မားမားရပ်နိုင်ပြီမို့
သားတစ်ဖန် ပြုစုစောင့်ရှောက်ပါရစေ အမေ...။

ချစ်တဲ့အမေရေ...
အမေ့အတွက်
သားဖြစ်နိုင်တာတွေ ပြခွင့်ရသလို
လုပ်ပေးနိုင်တာတွေလည်း အလုပ်အကျွေးပြုနိုင်ပါရစေ..
သိပ်ချစ်တဲ့ အမေ..။

4 comments:

Anonymous said...

ငါလည်း မင်းဆန္ဒနဲ့ထပ်တူပဲကွာ..

တောင်ပေါ်သား said...

ကိုဖြိုးရေ လွမ်းတယ် အမေကိုဗျာ... အမေ့ကို သိတတ်တဲ့ အကိုလို လူတယောက်ကို လေးစားပါတယ်ဗျာ


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

အစ်ကိုလည်း အမေ့ကိုလွမ်းတယ်း(

Phyo Evergreen said...

အားလုံးလွမ်းကုန်ကြပြီ..