Tuesday, February 17, 2009

အိမ်ဝေး

အိမ်ပြေးသူတစ်ယောက်တော့မဟုတ်ပါ
အိမ်နဲ့ဝေးနေရသူမို့
အိမ်ဝေးသူ သက်သက်ပါ..။

ပြောခဲ့တာတွေအတွက် နောင်တမရသလို
ပြောချင်တာတွေပြောဖို့အတွက်
နောင်တလေးတစ်မျှင်တော့ရချင်သေးရဲ့..။

ကြမ်းတဲ့မုန်တိုင်းလည်းမမှု
ကြမ်းတဲ့လမ်းလည်း ဖြတ်လျှောက်နေကြမို့
ချိုမြတဲ့ ဘ၀ခရီးအတွက်တော့
အခါခါ တွန့်ဆုတ်လို့နေပြီ..။


နေ့အချိန်ဟာ လင်းတယ်
ညအချိန်ဟာ မှောင်တယ်
ဘ၀ရဲ့ အတက်အဆင်း အနိမ့်အမြင့်တွေကြား
ညနဲ့နေ့အကူးအပြောင်းကြား
အမှောင်ကြွေလို့ အလင်းပွင့်ချိန်မှာ
အိမ်ဝေးသူတစ်ယောက်
လွမ်းလို့...
အိမ်ပြန်ရောက်ခဲ့တယ်....။

4 comments:

Anonymous said...

မြန်မာပြန်သွားတယ်လား ညီ

Phyo Evergreen said...

ဟုတ်ပါဘူး..။

pandora said...

အိမ်ဝေးသူချင်းမို့ ဒီကဗျာလေးကို ခံစားရပါတယ်

Anonymous said...

အိမ်ပြေးသူတစ်ယောက်မဟုတ်ပါ
အိမ်ဝေးသူသက်သက်ရယ်ပါလေ