Wednesday, February 4, 2009

လွတ်မြောက်ခွင့်


နေ့စဉ်ရက်ဆက်
မပြတ်တွေ့ငြား
ဝေးဝေးရှိသော် မပြောသာဘဲ
နီးစပ်နီးကပ် ရှိလှပြီမို့
မခိုင်စိတ်ထားရှိသူကိုယ့်မှာ
ချစ်ဖူးချစ်နွယ်ချစ်ပွင့်သစ်များ
ကြွားဝင့်ဝင့် လန်းသစ်ခဲ့ပြီ မေ...
အေးနှင်းမှုန်ကြဲ
ဖန်အိမ်တွင်းဝယ်
ရွှင်ပျော်စိတ်ထား မရှိပြီမို့
မင်းကို ချစ်ခွင့်ရနိုင်ဖို့
ကိုယ့်အား
လွတ်မြောက်ခွင့်ပြုပါ မေရေ...။

3 comments:

Anonymous said...

ဖွင့်ပြောဖို့ ကိုယ့်ကိုကိုယ် အားပေးနေတာပါလား.....းP
သန့်

Anonymous said...

အောင်မာ.. တယ်ဟုတ်နေ.. သိပ်ပြောချင်ဝူးး.. :P

Phyo Evergreen said...

သန့် >> သိဘူး...
craton >> ဘာဖြစ်ရို့ရဲ?