Sunday, February 22, 2009

ဖြစ်နိုင်မှု



ဖြူလွတဲ့တိမ်တွေ
တနေ့မှာ ညိုကြမ်းနိုင်တယ်..။

ပြာလဲ့တဲ့ကောင်းကင်
တနေ့မှာ နီစွန်းနိုင်တယ်..။

လှုပ်ရှားနေတဲ့ ပင်လယ်ပြင်
တနေ့မှာ အေးခဲသွားနိုင်တယ်..။

ခံ့ခံ့တည်တဲ့ ကျောက်ဆောင်
တနေ့မှာ ပြိုပျက်နိုင်တယ်...။

လမ်းပျောက်နေတဲ့ဘ၀တွေ
အက်ကွဲနေတဲ့ နှလုံသားတွေ
မတည်ငြိမ်တဲ့ စိတ်တွေ
ဒါတွေအားလုံးဟာလည်း
တနေ့မှာ တနေ့နေ့မှာ
အကောင်းဆုံး ပြန်ဖြစ်လာနိုင်တယ်..။

3 comments:

Anonymous said...

ဟုတ်တယ် ညီရေ့ ဒါက မမြဲခြင်းတရာကို ပြနေတာပဲ ကဗျာလေးက တွေးစရာလေးနဲ့ လူကြီးဆန်လာတယ်း)

လင့်ယူသွားတယ်ဝေ့ ။

khin oo may said...

လောလောဆယ် မမှန်ဘူးဆိုတာ ကို ခန့်မှန့်လို့ရသွားတယ။်

WWKM said...

ဟုတ်လိုက်လေ မောင်ဖြိုးရယ်.. ဒါနဲ့ လောလောဆယ် ဘာတွေဖြစ်???? :P