တောင်ကြီးရောက်တော့ နေတောင်ဝင်လုပြီ.... အအေးဓာတ်များလည်း တစ်စတစ်စပိုကဲလာကာ
ချမ်းစိမ့်လာသည်....။ အိမ်မှာညနေစာစားပြီး.... ကားနဲ့မြို့ထဲတစ်ပတ်ထွက်လည်ဖြစ်သည်....။ စတိုးဆိုင်များ၊ အကင်ဆိုင်များနှင့် တောင်ကြီးညနေခင်းသည်စည်ကားလို့နေသည်.......။
|
တောင်ကြီးအဆင်း |
|
ဟဲဟိုးအတက်လမ်း |
နောက်တစ်နေ့မနက်တော့ စောစောထပြီး ပင်းတယသို့သွားဖို့ပြင်ဆင်ရသည်...။ ပင်းတယကိုမရောက်ဖြစ်သည်မှာ ၂၀၀၁ ခုနှစ် အောက်တိုဘာလကတည်းကဖြစ်သည်...အဲသည်တုန်းက ကုံလုံဆရာတော်ကြီးကိုလည်း အခွင့်ကြုံစွာဖူးခဲ့ရသေးသည်...။ ၁၂ နှစ်ကြာမှ ပင်းတယသို့နောက်တစ်ကြိမ် ရောက်ခဲ့ရပြန်သည်....။
တောင်ကြီးအဆင်းလမ်းတစ်လျှောက်တွင် ပန်းဝါဝါလေးများနှင့် သာယာစိုပြည်နေသည်....။ တောင်အောက်ကိုလှမ်းကြည့်လိုက်လျှင်လည်း မြူတွေဆိုင်းနေသည့် အေးသာယာလွင်ပြင်ကိုမြင်နိုင်သေးသည်....။ ဟဲဟိုးအတက် ဘဝသံသရာတံတားနေရာနှင့် ဟဲဟိုးမှအောင်ပန်းအတက် ထင်ရူးပင်များစီတန်း နေသောတောင်အတက်လမ်းကလေးများကို သဘောအကျဆုံးဖြစ်သည်....။
|
အောင်ပန်းအတက် |
|
အောင်ပန်းအတက် |
|
ယူကလစ်ပင်တန်း |
အောင်ပန်းမဝင်မီ ယူကလစ်ပင်တန်းကိုမြင်တော့ ငယ်ငယ်ကအဲဒီနားမှာကားပျက်ခဲ့ဖူးတာ ကိုအမှတ်ရနေသေးသည်.... ၁၉၉၅ လောက်ကဖြစ်မည်..။ အောင်ပန်းရောက်တော့ ချယ်ရီမှာ ခဏနားမုန့်စားဖြစ်သေးသည်...။ ကုန်တင်ကုန်ချဖြင့် စည်ကားနေသော အောင်ပန်းကနေမှ ပင်းတယသို့မြောက်အရပ်အတိုင်းခရီးနှင်ခဲ့သည်...။ ပင်းတယဘက်လမ်းတစ်ကြောသည် တောင်ကုန်းများ နိမ့်ချည်မြင့်ချည်ဖြင့် သာယာလှသည်.....။ ပန်းမုန်လာ၊ အာလူး၊ ချင်း နှင့် ဂျုံစိုက်ခင်းများအကြား ရှမ်းကုန်းမြင့်ဧ။် မြေနီနီများကိုလည်း တွေ့ရသည်...။
|
ပန်းမုန်လာစိုက်ခင်းများ |
|
စိုက်ခင်းများ |
ကျုံး နှင့် ပွေးလှ မြို့များကိုဖြတ်ကျော်ပြီးနောက် ၁၀နာရီခွဲလောက်ပင်းတယကိုရောက်ကြသည်....အရင်အတိုင်းမပြောင်းမလဲရှိနေဆဲဘဲ..။
ပထမဆုံး ရွှေဥမင်လိုဏ်ဂူကိုသွားခဲ့ကြသည်.. ကမ္ဘာလှည့်ခရီးသွားများလည်း အများအပြား...။ အကြိုက်ဆုံးနေရာကား ရွှေဥမင်သို့ ဓာတ်လှေကားနှင့်တက်ရန် ဖြတ်သွားရတော စောင်းတန်းနေရာလေးဖြစ်သည်...။ ထိုနေရာမှ ပုန်းတလုတ်ကန်နှင့်အတူ ပင်းတယတစ်မြို့လုံးကို စီးမိုးပြီးကြည့်နိုင်သည်....။ ဟိုးအဝေးမှ တိမ်စိုင်တိမ်လိပ်များနှင့် ကောင်းကင်ပြာပြာအောက်က တောင်ကုန်းတောင်တန်းများကလည်း လွမ်းမောစရာ....။ ရာသီဥတုကတော့ မပူမအေးနှင့် နေလို့အကောင်းဆုံးဖြစ်သည်...။
|
ပင်းတယအဝင် |
|
ရွှေဥမင်စောင်းတန်းမှ |
|
ရွှေဥမင်စောင်းတန်းမှ |
|
အလယ်ဥမင်သို့အသွားလမ်း |
|
အလယ်ဥမင်မှ အပြန်စောင်းတန်း |
ရွှေဥမင်ဂူအတွင်းမှ ဘုရားများဖူးပြီး အလယ်ဥမင်သို့ ဆက်သွားခဲ့သည်...။ အလယ်ဂူကိုတော့ လူသိပ်မသွားကြ..နိုင်ငံခြားသားအချို့သာတွေ့ခဲ့သည်..။ အလယ်ဂူသွားရာစောင်းတန်းတစ်လျှောက် တောင်စောင်းတွေမှာ ထင်ရူးပင်များနှင့်စိမ်းစိုလို့နေသည်....။ အပြန်တော့ ဈေးတန်းမှာ လက်ဖက်စို၊လက်ဖက်ခြောက်များ နှင့် လက်ဆောင်ပစည်းအချို့ဝယ်ခဲ့သည်..။ ပင်းတယမြို့ထဲမှာတော့ ဘယ်မှမလည်ဖြစ်ဘဲ... ဦးအစိတ်ဆိုင်မှာ နေ့လည်စာစားပြီး တောင်ကြီးပြန်ခဲ့တယ်....။
ပင်းတယအပြန်လမ်းမှာ တိမ်တွေအုံ့ဆိုင်းကာ နေရောင်ခြည်တွေဟာ တိမ်တွေကြားကနေလှပစွာဖြာကျနေခဲ့တယ်.....။ ဆုံတွေ့ချိန်တိုင်းမှာ ကြည်နူးရပေမယ့်... ခွဲခွာချိန်မှာတော့ နာကျင်ရစမြဲပါဘဲ...။