Tuesday, February 24, 2009

ဘယ်လိုမှ


နေတစ်စင်းရဲ့အရိပ်
ဘယ်လိုမှမဖြစ်နိုင်သလို....

မီးတောက်တစ်ခုရဲ့အေးမြမှုကို
ဘယ်အခါမှမခံစားနိုင်သလို

နှင်းတစ်စက်ရဲ့ပူလောင်မှုဟာလည်း
ဘယ်လိုမှမဖြစ်နိုင်ဘူး...

ဒီလိုဘဲ
ဖြစ်ခဲ့တာတွေ
ပြန်ပြင်လို့မရသလို
ချစ်ခဲ့တာတွေလည်း
ဘယ်လိုမှ မမေ့နိုင်ပါဘူး
ကိုယ့် အချစ်ဦး...။

4 comments:

ညီလင်းသစ် said...

အင်း...ဗဒင်ကတော့ အဆက်ဟောင်းဟာလည်း အဆက်ဟောင်းပါပဲတဲ့၊
အချစ်ဦးဟာလည်း အချစ်ဦး ပါပဲဗျာ...။

Anonymous said...

မမေ့သေးဘူး အချစ်ဦးရယ်ပေါ့လေး)

khin oo may said...

လက်ရှိရည်းစားကို အချစ်ဆုံးလို့ ဝန်ခံလိုက်စမ်းဘာာာာ။

Phyo Evergreen said...

ကိုညီလင်းသစ် >> မှန်ပါတယ်.။။
ကိုမျိုး >> ဘယ်လိုပြောရမလဲ..။။
အန်တီခင်ဦးမေ >> အီး..အဲ.. အင်... နင်သွားလို့..။။