လောလောဆယ်တော့ ရေးထားတာကိုမှတ်မိသလောက် ပြန်စဉ်းစားပြီးရေးနေတယ်..။ အတင်းဖျစ်ညှစ်ပြီးလည်းမရေးချင်ဘူး.. စိတ်ထဲပေါ်လာတာလေးတွေကိုဘဲ.. ခံစားမိသလောက်ရေးချင်နေတော့.. တစ်ခါတစ်လေ တစ်ပုဒ်ရေးဖို့လည်း တစ်သက်လောက် ကြာသွားတတ်တာကိုး.. (;။ အခုတော့ ငံပြာရည်ကျိုတဲ့အနေနဲ့ ရှိတဲ့ပုံလေးတွေပဲတင်လိုက်ပါတယ်..။
ကလေးတွေများ..အတတ်မြန်တာ..။ ခဏလေးပဲပြရတယ်.... ပြီးတော့သူကဆရာပြန်လုပ်လို့..။
"တိမ်တွေဆီကိုပျံကာဝဲနေ.... တို့လက်တွေနှုတ်ဆက်ခွဲခွာဝေးခဲ့တယ်.........."
“ပန်ဆင်ဖို့ပန်းလေးလိုပွင့်လန်းနေ.... မပန်ချင်လဲနှလုံးသားကိုခြွေလိုက်လေ.....”
“ပန်းချစ်သူကိုယ့်လက်နဲ့ကွယ်... ခူးဆွတ်ဖို့စိုးရွံ့လို့နေတယ်......”
“ငိုနေမယ်.........မိုးသည်းထဲမှာကွယ်....”
“သစ်တောအုပ်ကလေးက ချစ်စရာ...
မှိုင်းညို့နက်ရှိုင်းစွာ...
ဒါပေမယ့်....
ကျွန်တော့်မှာ တည်ရမယ့်ကတိတွေနဲ့”
သီချင်း၊ကဗျာစာသားတွေကို ယူသုံးထားပါတယ်..။ ခေါင်းစဉ်အမည်မှန်အောင်ဖြေဆိုနိုင်သူများအား... Pepper Lunch ကျွေးမည်ဖြစ်ပါကြောင်း...သတင်းကောင်း...။ (တကယ်တော့မဟုတ်ဘူး...)