Sunday, March 1, 2009

ခေါက်ဆွဲ

ဒီဘလော့လည်း နည်းနည်းတော့ခြောက်ကပ်ကပ်ဖြစ်နေတာကြာပါပြီ....။ ပို့စ်အတင်ကျဲ စာရေးနည်းတာတွေကြောင့်ပါ...။ စိုစိုပြည်ပြည်လေးဖြစ်အောင် ဒီတစ်ခါ အစားအသောက်ပို့စ်လေးတင်လိုက်ပါတယ်...။

ဒီကနေ့ အပြင်ထွက်ရာမှာ Bugis Junction ဆိုတဲ့နေရာရောက်ဖြစ်ပါတယ်... Singapore ရဲ့ လူအစည်ကားဆုးံနေရာတစ်နေရာပါ...။ ရောက်တဲ့အချိန်က ၁ နာရီလောက်ရှိပြီမို့ ဗိုက်လည်းအတော်ဆာနေပါပြီ..။
ဒါနဲ့ဘဲ Bugis Junction ထဲက တတိယထပ်မှာရှိတဲ့ Food Junction ဆိုတဲ့ Food Court မှာနေ့လည်စာစားခဲ့ပါတယ်..။ ရှိတဲ့စားသောက်ဆိုင်တွေကလည်း အစုံပါဘဲ.. တရုတ်စာ၊ အိန္ဒိယစာ၊ ထိုင်းစာ၊ မလေးစာ၊ ဂျပန်၊ ကိုရီးယား ၊ အနောက်တိုင်းအစားအစာ အားလုံးမနည်းမနောပါဘဲ..။ တစ်ဆိုင်ပြီးတစ်ဆိုင်လိုက်ကြည့်ပြီး ဟိုဟာလည်းစားချင် ဒီဟာလည်းစားချင်နဲ့ဘာစားရမှန်းကို မသိတော့ဘူး..။ စဉ်းစားရင်း နဲ့ဘဲအချိန်ကြာရော..။ နောက်တော့ အမေကစိတ်မရှည်တော့တာနဲ့ မှန်မှန်မှာဖို့ပြောပါတယ်.. ။ လူတွေများလို့ ထိုင်စရာနေရာကလည်း အမြန်ဦးထားရပါသေးတယ်..။ နောက်ဆုံးတော့လည်း အမြဲစားနေကြ ခေါက်ဆွဲဘူတာမှာဘဲ ဆိုက်ပါတယ်..။



ကျွန်တော်စားခဲ့တဲ့ ခေါက်ဆွဲက Ban Mian (ပန်းမြန့်) လို့ခေါ်ပါတယ်..။ ကျွန်တော်အမြဲစားဖြစ်တဲ့ အစားအစာတစ်ခုပါ..။ အရသာလည်း မလေးတဲ့အပြင် အဆီပါဝင်မှုနည်းပြီး ကျန်းမာရေးနဲ့ညီညွတ်တာကြောင့် မကြာမကြာဆိုသလိုစားဖြစ်ပါတယ်...။ ကျောင်းမှာဆို တစ်ပတ် ၃ ရက်လောက်စားပါတယ်..။ ခေါက်ဆွဲပြားနဲ့ မို့ Ban Mian လို့ခေါ်တာပါ ( Main = ခေါက်ဆွဲ)၊ ခေါက်ဆွဲတစ်ပွဲမှာ ပါတာတွေကတော့ ဂျုံနဲ့လုပ်တဲ့ ခေါက်ဆွဲပြား၊ အသား (ကြက်၊ ၀က်) ၊ အရွက်ရယ်၊ ကြက်ဥရယ် ၊ ငါးကလေးခြောက်လေးတွေပါ ပါပါတယ်..။ အနှံ၊အရွက်၊ အသား ၊ ဥ ၊ ငါး စတာတွေပါဝင်တာကြောင့် အာဟာရပြည့်စုံစေတဲ့အစားအစာပါ..။ ၀ိတ်လျှော့နေသူများ အဆီရှောင်သူများ စားနိုင်ပါတယ်..။


ရေငတ်မှာစိုးလို့.. Coke...!



အားလုံး စားနိုင်သောက်နိုင်ကြပါစေ......။

3 comments:

Anonymous said...

တကယ်တောင်စားချင်လာပြီဗျာ ကြည့်ရတာနဲ့တင်မ၀ဘူးး)

မှန်မှန်မှာ လား မြန်မြန်မှာလား :P

Moe Cho Thinn said...

အရည် မပါ တပွဲလောက်။
သူချက်တာများလားလို့ ပြေးလာကြည့်ရတာ..hmmm...

Phyo Evergreen said...

ိကိုမျိုး >> အပြင်မှာတွေ့ရင် တကယ်ဝယ်ကျွေးမယ်...။

အန်တီချိုကတော့ အစားအသောက်ဆိုတာနဲ့ ရောက်ချတာတော့တာဘဲ..။ အရည်မပါရင်တော့ ကောင်းမယ်မထင်ဘူး........။ အရည်ကချိုချိုလေးလေ ကြေးအိုးလိုမျိုးဘဲ.. (ဂလု ဂလု)။