Friday, March 13, 2009

ခါးသီးစွာ



အနစ်နာခံမှုတွေလား
တစ်ရက်ပြီးတစ်ရက်
တစ်ကြိမ်ပြီးတစ်ကြိမ်
အကြိမ်ကြိမ်ခံခဲ့ရတာများလို့
နည်းနည်းမှအထိမခံတော့လို့
စာနာမှုကင်းတဲ့
အပြုံးမပျက်မျက်နှာတွေကို
တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ဖို့
တကယ် စဉ်းစားမိပြီ..။


အပေါင်းအသင်းဆိုတဲ့
မိတ်ဆွေသူငယ်ချင်းဆိုတဲ့
အပေါ်ယံ ၀တ်ရုံတွေအောက်
မနာလို ၀န်တိုမှုအဆိပ်ရည်တွေ
သုတ်လိမ်းလို့ထားတဲ့ ၀ှက်ဓားတွေများ
နောက်ကျောပေါ် ဘယ်တော့များရောက်လာမလဲလို့
တွေးပူရင်း
ကိုယ့်ဓားကိုယ် ပြန်သွေးမိတာ
အကြိမ်ကြိမ်...။


ဖိနှိပ်မှုတွေ ကျပ်တည်းမှုတွေ
ခေါင်းပါးမှုတွေ အသိမဲ့မှုတွေ
အနိုင်ကျင့်မှုတွေ မတရားပြုမှုတွေ
ရှင်သန်ထွန်းကားတဲ့မြေ
ရွံ့ကြောက်တုန်လှုပ်လို့
ခါးသီးစွာနဲ့ စုံကန်ထွက်လိုက်မယ်
ဒီနေ့မဟုတ်တဲ့တစ်နေ့



5 comments:

khin oo may said...

အားတင်းထားပါဦး

မသက်ဇင် said...

စာနာမှုကင်းတဲ့
အပြုံးမပျက်မျက်နှာတွေကို
တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ဖို့
တကယ် စဉ်းစားမိပြီ..။

အဲ--လောက်တောင် လား---?
ဖြိုး--အစစအရာရာအဆင်ပြေပါစေ--

Anonymous said...

အပေါင်းအသင်းဆိုတဲ့
မိတ်ဆွေသူငယ်ချင်းဆိုတဲ့
အပေါ်ယံ ၀တ်ရုံတွေအောက်

အဲ့ဒီမှာ အစစ်မှန်ကိုရှာဖို့ခက်တယ်ညီ ရှာရတာလည်းမောဖို့ကောင်းတယ် ။ အဆင်ပြေရဲ့လား
ကဗျာက ပြင်းနေတော့ ခပ်လန့်လန့်ရယ်း)

Anonymous said...

မင်းထွက်ပြေးရင် ငါ့ပါခေါ်ကွာ..

Anonymous said...

ကိုဖြိုးရေ မျက်နှာဖုံးတွေကို မသိနိုင်ဘူးလေဗျာ