Tuesday, March 17, 2009

စားကြပါ.. အားမနာပါနဲ့

ဒီနေ့ Funan Mall မှာကွန်ပြူတာသွားပြရင်းနဲ့အပြန် ပင်နဆူးလား ပလာဇာမှာ ညနေစာစားဖြစ်တယ်။ ဆိုင်တွေကလည်းများပါတယ်.. ၀င်းမြန်မာ၊ မြနန္ဒာ၊ ရဲရင့်၊ ရွှေဝါမြေ၊ အင်းလေး.. ပြီးတော့ဆိုင်သစ်တွေအများကြီးပါဘဲ..။ မြန်မာအစားအသောက်မစားရတာကြာတော့လဲ.. ၀င်စားဖြစ်တယ်.. မဟုတ်ရင် အိမ်နားက တရုတ်မကြီးလား ကုလားမကြီးလား မလေးမကြီးလား နဲ့ထပ်တွေ့နေပါဦးမယ်..။ ဒီနေ့စားဖြစ်တဲ့ဆိုင်က မြနန္ဒာ.. အဆိုင်အပြင်အဆင်ကမဆိုးဘူးလို့ပြောရမယ် .. အရင်ထက်တော့ ပိုကျယ်ဝန်းပြီး သပ်ရပ်လာပါတယ်..။ ပြောစရာဆိုလို့ အစားအသောက်မှာရင် ဥပမာ ထမင်းပေါင်းတို့မှာရင် နေရာလိုက်ပို့ပေးမယ်ဆိုပြီး နောက်ရတော့မှ ထမင်းပေါင်းလို့အော်ပြီးလိုက်ရှာရတာမျိုးမဖြစ်ဘဲ.. စားပွဲခုံမှာနံပါတ်လေးတွေတပ်ပြီး စားပွဲနံပါတ်ဘယ်လောက်မှာထိုင်နေတယ်လို့ ပြောခဲ့လို့ရရင် ပိုအဆင်ပြေမယ် ထင်တယ်..။ ဟင်းတွေကလဲအမယ်စုံပါတယ်.. ဆီပြန်ဟင်း၊ အကြော်၊ အသုပ်၊ ချဉ်ရည်ဟင်း ... မှာရမှာနဲ့ စားချင်တဲ့ဟင်းတွေကများနေတယ်..။ နောက်ဆုံးတော့လဲ.. ကြက်သားနဲ့ဗူးသီး(ပေါ့သည်..) ၊ အားလူးသေးသေးကြော်(ငြုပ်ကောင်းများသည် )၊ ပြောင်းဖူးကြော်၊ သင်္ဘောသီးထောင်း (ကောင်းပါသည်).. တို့နဲ့စားဖြစ်တယ်..။ အဟဲ..ပြောပြပြီးနှိပ်စက်လို့ ဘယ်အားရမလဲ.. ပုံလေးနဲ့ပါနှိပ်စက်အုံးမှာ [သူများတွေလို စားပြီးမှရိုက်တာမဟုတ်.. မစားခင်စားဦးစားဖျားလေး သရေကျနိုင်အောင်လို့ (ကိုယ့်ထက်ကြီးသူများကိုပြောပါတယ်)... ]..။ စားကြပါ.. အားမနာပါနဲ့ ဖိတ်မန္တကပြုပါတယ်..။

8 comments:

နွေးနေခြည် said...

မြနန္ဒာက ညစာ ၁လ အလကားကျွေးမယ်တဲ့
ကြော်ငြာကောင်းလို့း)

WWKM said...

ဟဟ..ကြော်ငြာခရတယ်ထင်တယ်နော်. ဒီကလေး..

Anonymous said...

ဘယ်မလဲသင်္ဘောသီးထောင်း.. အဟင့်.. ရိုက်လည်းရိုက်ထားဝူးးး !_!

Sophia said...

စားကြပါ အားမနာ ပါ နဲ့ ဆိုလို့ စားသွားပြီနော်။

Anonymous said...

စားချင်တယ် ခုပဲ ထမင်းစားမလို့ ဟင်းမကောင်းလို့လေနေတား)

မောင်မျိုး

:P said...

တိုဟူးသုတ်

Phyo Evergreen said...

တီတီစင် လာပြောနေဒယ်စားချင်လာပြီ... တိုဟူးသုတ်ပြီးတော့ ဟင်းခါးလေးနဲ့..။

မိုးကောင်းသူ said...

ဟင်းတွေကများလှတယ်။ မကုန်မှာစိုးလို့ အစ်မယူသွားတယ်နော်။