Monday, March 16, 2009

စာတစ်ပုဒ်ရေးဖို့ဆိုရင်

စာတစ်ပုဒ်ရေးဖို့ဆိုရင်...
အရေးအသား.. အတွေးအခေါ်...
ဗဟုသုတ.. အတွေ့အကြုံ..
ဆင်ခြင်မျှော်မြင်.. စိစစ်သေချာ..
သပ်ရပ်သန့်ရှင်း.. စနစ်ကျန..
ဝေဖန်..ဆွေးနွေး..
ပြည့်စုံတိကျ..
တစ်ခြား... ဘာတွေဘာတွေ လိုအုံးမလဲ........................................
(အကြံပြုချက်များ ကြိုဆိုလျက်ပါ..)

6 comments:

Anonymous said...

ညီရေ့......အပေါ်က အချက်တွေနဲ့ အစ်ကိုကတော့ လုံးဝကိုကွဲပြားနေတယ်ကွ ။ စာတစ်ပုဒ်ရေးဖို့ဆိုရင် ခံစားချက်သေးသေးလေးကို အကျယ်ကြီးတွေးချပစ်တယ် ။ များများဖတ်တယ် များများတွေးတယ် များများရေးချကြည့်တယ် ။ နည်းပညာပိုင်းမတက်တဲ့သူ ပညာရေးပိုင်းတွေ သိပ်နားမလည်မိတော့လည်း ကိုယ့်အကြောင်းကိုပဲပြန်ပြောနေရတာတွေများတယ် ဒါပေမယ့် တစ်ခါခါ အရမ်းကြီးပွင့်လင်းသွားမိတော့လည်း ကော့မန့်တွေဖတ်ပြီးမှ ကိုယ့်စာကို ကိုယ်ပြန်ဖတ်မိတော့ သနားစရာ သတ္တ၀ါလို့မြင်မိပြန်ကော ဒါပေမယ့်ရေးခဲ့တဲ့ စာတွေအတွက်တော့ နောင်တမရမိဘူး။ အစ်ကို့အတွက်တော့စာတစ်ပုဒ်ရေးဖို့ဆိုရင် ပုံလှလှဆန်းဆန်းလေးတွေနဲ့ တွေးချင်ရာတွေ တွေးမယ် ရေးချမယ် ၊ ၀မ်းနည်းနေတဲ့အချိန် ရယ်စရာတွေများများချရေးမယ် အဆင်မပြေတာတွေကို ထွက်ပေါက်အနေနဲ့ရေးချမယ် သေချာတာကတော့ ဘယ်တော့မှ ဘောင်ထဲအ၀င်ခံမှာမဟုတ်ဘူး အဲ့လိုဆို မွန်းကြပ်ပြီးမပျော်ဖြစ်လာမယ်ထင်တယ် ရုန်းထွက်နေတာပါပဲ အမြဲတော့ ။ခုရက်ပိုင်းတောင် စိတ်တွေက ထွေးပြားပြီး ပို့စ်အရည်သွေးထက် အရည်တွက်တွေများအောင်လုပ်မိနေသလိုဖြစ်တော့ စာရေးတာ ခဏနားမလားလို့ သူများစာတွေပဲလိုက်ဖတ်ချင်မိတယ် ။ လေကြောရှည်မိနေပြီး စာတစ်ပုဒ်ဖြစ်ဖို့ ကတော့အ စ်ကို့အတွက် လန်းဆန်းနေတဲ့စိတ်တစ်စုံရယ် အင်တာနက်ကောင်းကောင်းနဲ့ချိတ်စက်ထားတဲ့ ကွန်ပြူတာတစ်လုံးပေါ့ ဘ၀ရဲ့အမောတွေနဲ့ ပျော်စရာတွေကို ကီးဘုတ်ကို အဖော်ပြုပြီး သွန်ချသွားမယ် ဒါလည်းစာဖြစ်တာပေါ့နော့်း)

Phyo Evergreen said...

ကိုမျိုး ကောမန့်ရှည်ကြီးရေးပေးလို့ကျေးဇူး.. ကောမန့်ရေးထားတာတွေ စိတ်ထဲမှာစွဲသွားတယ်..။

Anonymous said...

အစ်ကို ဒီပို့စ်ကူးသွားပြီဗျး)

မသက်ဇင် said...

စာများများဖတ်ရမယ်--
စာစုံဖတ်ရမယ်--
ဖတ်ပြီး စာတပုဒ် ထဲမှာ မိမိ ကိုယ်ကို
ဇာတ်ကောင်နေရာမှာထားပြီးခံစားတွေးတောရမယ်--
ပျော်ရွှင်ပါစေ--

Anonymous said...

ရသ မြောက်ရမယ်-အကျိုးပြုစာသားလေးတွေ ဆို ပိုကောင်းပါတယ် -ထင်ရာပြောကြည့်တာ

Anonymous said...

ကဗျာရင်ဘတ်ရှိရမယ် (တချို့အတွက် မရှိလည်းဖြစ်မှာပါ)