Friday, April 3, 2009

Mini Wok Noodle


မနေ့ညနေက စားဖြစ်တဲ့ညစာပါ..။ Mini Wok Noodle တဲ့.. ။ စင်္ကာပူကလူတော်တော်များများကတော့ စားဖူးကြလိမ့်မည်..။ ဈေးလည်းသင့်တင့်သလို စားဝပါတယ်..။ လူကြိုက်တော်တော်များလားတော့မသိဘူး.. စားတုန်းကတော့ ဘေးစားပွဲတော်တော်များများမှာလည်းစားနေတာတွေ့ပါတယ်..။ ကျွန်တော်ကတော့ သိပ်အကြိုက်ကြီးမဟုတ်ဘူး.. သာမန်ဘဲ.. တစ်နေ့တစ်နေ့စားရတာတွေရိုးအီလာရင်တော့ အရည်သောက်လေးပါပါတဲ့ ဒီခေါက်ဆွဲကိုစားဖြစ်ပါတယ်..။


ဒီ Mini Wok Noodle မှာ ဆီချက်ခေါက်ဆွဲလိုမျိုးဟာပါတယ်.. ပြီးတော့ဟော့ပေါ့လိုမျိုး အရည်သောက်ပါပါတယ်..။ ခေါက်ဆွဲက မာမာလေးပါတစ်မျိုးစားကောင်းပါတယ်.. ခေါက်ဆွဲကိုအရင်ဆုံးပြုတ်ပါတယ်... ပြီးမှာဆီချက်ရယ်.. ပြီးတော့ အနှစ်တစ်မျိုးထည့်ပါတယ်.. နောက်ဆုံးတော့မှ အပေါ်ကနေပြီးတော့ မှိုနည်းနည်းထည့်ပေးတယ်.. မှိုတော့မကြိုက်လို့ဖယ်စားပါတယ်..။
အရည်သောက်ကတော့ ဟော့ပေါ့လိုမျိုးအိုးလေးနဲ့ပါ.. အောက်မှာမီးထွန်းပေးထားပြီး ဟင်းရည်ကိုပူနွေးစေပါတယ်.. စာနေရင်း အေးမသွားတော့ဘူးပေါ့.။ ဟင်းရည်ထဲမှာ အသားလုံး၊ ငါးလုံး၊ fish cake၊ ကဏန်းချောင်း၊ အရွက် နဲ့ ကြက်ဥတို့ပါပါတယ်..။ ပုံထဲမှာတော့ ကြက်ဥကအောက်မှာမြုပ်နေတယ်..။
အကုန်လုံးအပြုတ်တွေချည်းပါဘဲ... ဆီဆိုလို့နည်းနည်းလေးပါပါတယ်..။ ကြော်ငြာပေးနေတာတော့မဟုတ်ပါဘူး.. စာဖတ်သူတွေလည်းတစ်ခါတစ်လေ အစားအသောက်တွေစားတာ ထပ်လာလို့ ရိုးအီလာရင် အသစ်အဆန်းလေးတွေစမ်းကြည့်လို့ရအောင်ပါ... ကြုံရင်စားကြည့်ပါ.. ကောင်းမကောင်းကိုတော့ ဒီမှာလာပွားကြပေါ့.. အဟက်..။ ဆားမချက် သကြားမချက် ငံပြာရည်မချက် ပျားရည်မချက် အမှန်အကန်ကိုရေးပါသည်..။

(ပုံတွေကကိုယ်ပိုင်ပုံတွေပါ.. လုပ်ရမှာပျင်းလို့ စာမထည့်တော့ဘူး..ဒီမှာဘဲရေးလိုက်တော့မယ်..

16 comments:

Anonymous said...

စားချင်တယ် ဗိုက်ဆာနေတာနဲ့အတော်ပဲ ဒါမယ့် အစ်ကိုက တူနဲ့မစားတတ်ဘူးး) တောသားကွ ။

နွေးနေခြည် said...

ပေါ့ရွတ်ရွတ်နဲ့ ကြေးအိုးလောက်တော့ မကြိုက်ပါဘူး
ကဲ ပွားသွားပြီနော်း)

WWKM said...

ဂလု ..

တီချမ်း said...

ကောင်စုတ်လေး
တီ့ ကိုအားကျနေတယ်ပေါ့လေ ခွိခွိခွိ
တီ က မေတ္တာစေတနာတွေပါထည့်ချက်တာကွ
ငှဲငှဲငှဲ
လာစားသွားတယ်
ကွိကွိကွိ
အခေါင်းအဆင်သင့်ဖြစ်ရင်လာပြောအုံး
အုတ်ဂူ ကိုဘယ်လိုလိုချင်လဲ ထပ်ညှိမယ်
မြန်မြန်လုပ်နော်
သေဖို့အဆင်သင့်ဖြစ်နေတာကြာပီ

ကိုရဲ said...

ဗိုက်ချာလို့ လာစားသွားတရ် ။ နောက်ထပ် ကိုဖိုးစိန် ၊ ကိုခွန်ဖတို့နဲ့သောက်နေလို့ ပါဆယ်ဆွဲသွားတရ်နော် ။ မရလည်း ယူတွားဒယ် ။ ဟေဟေ့

(ကိုရဲ)

မသက်ဇင် said...

စင်္ကာပူ လာလည်မယ်--
ကိုဖြိုးကို ဝယ်ကျွေးခိုင်းမယ်--
ကြည့်ပြီးစားချင်တယ်--
ပျော်ရွှင်ပါစေ--

amayarko said...

Mini Pork Noddle လို.ထင်တယ်။

amayarko said...

Mini Pork Noodle လို.ထင်တယ်။

Anonymous said...

ခုမှပဲကွန့်မင့်ရပြီ...ထင်တယ်..
ဆွပ်ပြုတ်သောက်သွားပါသည်ရှင်..
း)

မသက်ဇင် said...

ဖြိုးရေ--- ထပ်လာတယ်--
ပျော်ရွှင်ပါစေ---

Phyo Evergreen said...

ထင်တော့ထင်သား.. အစားအသောက်ပို့စ်ဆို ကောမန့်များမယ်ဆိုတာ..။

khin oo may said...

အဲဒါကြောင့် တို့ အရေမရ အဖတ်မရတွေရေးနေတာပေါ့။ လူကို စည်နေတာဘဲ။

khin oo may said...

တို ခဏခဏစားပါတယ။် ကြိုက်တယ။် စလု့းရောက်ခါစက မမှာတတ်ဘူး ဘယ်လိုပြောရမလည်းမသိဘူး။ အရည်စွပ်ပြုတ်ကို တော့ခေါ်တတ်တယ်။ soup soup ဆိုပြီး
..ခက်တာက အရည်မပါ ကိုဘယ်လိုပြောရမလည်းမသိဘူး။ အီ.. အီ.. လုပ်နေတာ...နောက်ဆုံ့း ဆိုင်က (dry) လားဆိုမှ ဘဲ အိုကေသွားတော့တယ်။ တကယ်ပြောတာ ဘုရားစူး။

Phyo Evergreen said...

အန်တီခင်ဦးမေ.. အတူတူဘဲ..အဟား အဖော်ရပြီ.. နောက်တော့လည်းဖြစ်တွားတာဘဲ..။

amayarko said...

sorry ကျမအခုမှ Google ထဲရှာကြည့်ပြီး mini wok noodle လို.လည်းခေါ်မှန်းသိတယ်။ ကျမစားဖူးတဲ့ခေါက်ဆွဲနဲ.ပုံစံတူပြီးနာမည်လွဲနေလို.ပါ။
ကျမစားဖူးတဲ့ဆိုင်မှာက mini pork noodle လို.ရေးထားလို.ပါ။

Phyo Evergreen said...

ရပါတယ်ဗျာ..။