Tuesday, April 28, 2009

တံခါး















တံခါးတစ်ချပ်
ပြားကပ်ကပ်ရှိလို့
ဝင်ထွက်ပေါက်မှာ မြဲမြဲတွယ်တယ်
ပွင့်နေတဲ့အခါရှိသလို
ပိတ်သွားတဲ့အချိန်လည်းရှိမယ်
ဝင်လာသူတွေကို ဆီးကြိုသလို
ထွက်ခွာသူများကိုလည်း နှုတ်ဆက်မယ်

ဒီတံခါးတစ်ချပ်ကနေ
တိတ်တိတ်ချောင်းကြည့်ဖူးသူတွေ ရှိသလို
တံခါးကိုမှီလို့
စိတ်ပျက်အထီးကျန်နေသူတွေလည်း ဒုနဲ့ဒေးဘဲ
ဖြူစင်သူတွေအတွက်
ကာကွယ်လုံခြုံပေးသလို
ဆိုးယုတ်သူများအတွက်တော့
အဆီးအတားဖြစ်စေမယ်
ဒါဟာလေ
နှိမ့်ချတဲ့ တံခါးတစ်ချပ်ရဲ့
ရိုးသားတဲ့ တစ်ခုတည်းသော ဆန္ဒဘဲ..

အိပ်မက်တွေကို
ခပ်ပြင်းပြင်းဆောင့်ပိတ်ခံလိုက်ရတဲ့တစ်နေ့
နာကျင်မှုကိုကြောက်ရွံ့လို့
ဆန္ဒကင်းမဲ့စွာ
ခပ်ဆိတ်ဆိတ်သာ
ထာဝရနေတော့မယ်........။

14 comments:

Anonymous said...

ဖီလော်တွေ အပြည့်နဲ့ပါလား ကိုဖြိုးး)
နာကျင်မှုကိုကြောက်ရွံ့တတ်ကြပေမယ့်..
ခပ်ဆိတ်ဆိတ် ထာဝရတော့မနေပါနဲ့ကွယ်..
ခဏပဲနေရင်နေပါ..

Phyo Evergreen said...

ခဏဘဲဖြစ်မှာပါ အစ်မ

သီဟသစ် said...

Phyo ရေ..
နာကြင်မှုတွေ အမြန်ဆုံးသက်သာပါစေ..
အဲဒီနေ့ရောက်ရင် ပြန်တွေ့ကြမယ်..

Anonymous said...

တံခါးပိတ်သံက ခွိခွိတဲ့ ကြားလိုက်တယ်

Anonymous said...

ဖြိုးရေ...
ရှင်လာမလည်လဲမြူးတော့လာလည်မှာပဲ။။
တိတ်တိတ်လေးတော့လာမလည်နဲ့ နော်။။။။
ခြေရာလေးတော့ချန်ခဲ့ပေါ့နော်။။။။။။

မိုးကောင်းသူ said...

ဖြိုးရေ
တံခါးတချပ်ကနေ တိတ်တိတ်လေးဝင်လာတယ်။ ပြီးတော့ တိတ်တိတ်လေးပြန်သွားတယ်။

နွေးနေခြည် said...

ဝင်လာသူတွေကို ဆီးကြိုသလို
ထွက်ခွာသူများကိုလည်း နှုတ်ဆက်မယ်

အပေါ်က ၂ကြောင်းဖတ်မိတဲ့ အချိန်မှာ အတွေတော်တော် ပွားသွားတယ်။ ကောင်းတဲ့စာလေးတပုဒ်ပဲ။ ဖြိုးအစစ အရာရာအဆင်ပြေပါစေ...

ပုံလေးကလည်း တရုတ်မှင်အိုး စုတ်တံလေးနဲ့ ဖြိုးလက်ဆော့ထားတာထင်ပါ့...ပုံလေးလည်းကောင်း တယ်။

အစ်ကို said...

ပုန်းမနေနဲ့ ညီဖြိုးလေး ထွက်ခဲ့း)
အစ်ကို့ တံခါးတော့ ပျက်သွားပြီကော စေ့ထားတာပဲ သူကအော်တိုပိတ်တွားတယ် ဟဟား ။

Phyo Evergreen said...

အစ်ကို ဘလော့ဘယ်လိုဖြစ်တာလဲ.. အဲသလိုတော့ မရက်စက်နဲ့ဗျာ

Anonymous said...

ဖြိုးရေ....
ကျေးဇူးပါ...
လည်လည်လာတဲ့အတွက်နဲ့ 
ခြေရာချန်ခဲ့တဲ့အတွက်....

Anonymous said...

အင်း.. ဥဥရေ.. နာကျင်မှုတွေကိုကြောက်ရင် တံခါးထဲဝင်ပုန်းနေလိုက်.. ဆန္ဒကင်းမဲ့စွာတဲ့.. အဲဒီစကားလုံးကိုအကြိုက်ဆုံးပဲ..

Sein Lyan Tun said...

နာကျင်မှုတွေကိုဘေးချိတ်
ပျော်ရွှင်မှုတွေနဲ့တံခါးကိုတွန်းဖွင့်ပြန်ဝင်လာပါ
အပြုံးတွေ နဲ့ဆီကြိုးလို့မေတ္တာလက်နဲ့ပွေ့ဖက်မယ်

ကိုလူထွေး said...

ပဒေသရာဇ်ဘုရင်တွေရဲ့ တံခါးကနိမ့်နိမ့်လေး...
သူတို့ ကို အကြောင်းတစ်ခုခုနဲ့ လာတွေ့ တဲ့ သူက အဲဒီတံခါးနဲ့ လွတ်အောင် သူတို့ ကိုယ်သူတို့  ငုံ့ ပြီး ဝင်ရတာပေါ့...
ဘုရင်ကြီးက ပုလင်ပေါ်မှာ မိန့် မိန့် ကြီးထိုင်လို့ ...
ဝင်လာတဲ့သူက သူ့ ကိုပဲ အရိုအသေပေးပြီး ခေါင်းငုံ့ နေသလိုပေါ့...
အဲလိုဖြစ်အောင် တမင် ဖန်တီးထားတာလေ...

Anonymous said...

ဖြိုးရေ..............ခေါင်ရည်လာသောက်လှည့်နော်။။
အခုဟုတ်သေးဘူးခဏနေမှပါ။