Friday, May 1, 2009

မေ

မေ........တဲ့။ ပြက္ခဒိန်ကိုကြည့်လို့ အစဉ်လိုက် ရေလိုက်ရင် (၅)ခုမြောက် လကလေးတစ်လ..။ (၁၂)လရာသီထဲက (၃၁)ရက်ရှိတဲ့ (ဂ)လမှာ အပါအ၀င်ဖြစ်တဲ့လ..။ ဒဏ္ဍာရီထဲက မေယာလို့ အမည်တွင်တဲ့ နတ်သမီးကို အစွဲပြုပြီးခေါ်ဆိုထားတဲ့ လ..။
မေဆိုရင် နွေရောက်ပြီလို့ လူတကာသိကြတယ်..။ မေဟာ ပူနွေးမှုကိုနှစ်သက်သူတွေအတွက်တော့ ပျော်ရွှင်ဖွယ်ကောင်းပေမယ့် အေးမြမှုကိုလိုလားသူတွေအတွက်တော့ ဝေးဝေးကရှောင်ချင်စရာဖြစ်မယ်..။ မေရဲ့ ရာသီပန်းဟာ Lily of the Valley ဖြစ်တယ်...။ ဒီမေမှာ ကြည်နူးစရာတွေကြုံခဲ့သလို ၀မ်းနည်းစရာတွေလည်း ကြုံခဲ့တယ်.. အမှတ်ရစရာတွေရှိသလို အလွမ်းတွေလည်း ဆွတ်ပျံ့ကျန်ရစ်တယ်.......သတိရခြင်းတွေလည်း ................။ ဖြစ်တည်ခွင့်ပေးသလို အစားမထိုးနိုင်တာတွေကိုလည်း ထာဝရသိမ်းပိုက်ဆောင်ယူသွားတဲ့..မေရေ........... ဒီတစ်နှစ်တော့ မင်းကို ခံစားမှုကင်းကင်းနဲ့ ကြိုဆိုလိုက်တယ်............။

13 comments:

khin oo may said...

စီဘောက်ဘယ်ရောက်သွားလဲ
အပြာနောက်ခံ အဖြူစာလုံးသည်မျက်စိအားစိုက်ရပါသည်။
ခံစားမှူကင်းတယ်ဆိုတော့ ပြတ်သားနိုင်နေပြီပေါ့။
ဖြိုး။

Anonymous said...

မေကိုခံစားမှုကင်းကင်းကြိုနေတဲ့ကိုကြီးရေ......
လည်လည်ရောက်ပါတယ်ရှင့်.
ကောင်းပါတယ်။။။။။။။။။။။။။။။။။

မီယာ said...

အော် မေတောင် ရောက်နေပြီကိုး...

Anonymous said...

မေလဟာငါ့ဘ၀အတွက်တော့ချစ်သူပဲ.. ခံစားချက်တချို့တိုက်ဆိုင်လို့ပြုံးမိတယ်..

တောင်ပေါ်သား said...

မေ မှာ ကြုံတွေ့ခဲ့ရတဲ့ အရာတွေ များခဲ့တယ်ထင်တယ် မောင်ဖြိုးရေ..

Sein Lyan Tun said...

မေ
မေ
မေ
ခေါ်လို့ကောင်းတဲ့မေ
ဒါပေမယ့်ဒီမှာတော့ပူလောင်တဲ့လဖြစ်နေပြီးလေ

WWKM said...

Welcome May !! :D

ဖြိုးရေ....

ပို့စ်တွေရေးပြီး အိမ်မလည်ဘူးပေါ့လေ.. ဟုတ်လား..
ရပါဒယ်..ရပါဒယ်... တီဝါလည်း အိမ်လည် သိတ်မ
ထွက်ဖြစ်ဖူး....

ဒါနဲ့ ခရေတွန် တက်ဂ်ထားတယ် တက်ဂ်ပို့စ်ရေးဦး...
ဟို..ရွာသားလေးလိုတော့ ဘလော့ဂါ တစ်မျိုးတစ်ဆွေ
လုံး ပါသွားအောင် မရေးနဲ့နော်.. ဟဟ

ကြိုးစားပါ..

ပျော်ရွှင်ပါစေ.

တီတီဝါ

အစ်ကို said...

မေ...ကိုမုန်းတယ် ပူလို့ ရပ်တောင်ကလည်းမရှိး)

ညလေး said...

မင်္ဂလာပါ မောင်ဖြိုးရေ.. မေကို ခံစားမှုကင်းစွာ ကြိုမယ်ဆိုလို့ တစ်လလုံး ခံစားမှု ကင်းနိုင်ပါ့မလား?

ညခင်း said...

မေလ လေးက သိပ်ချစ်စရာကောင်းပါတယ်။
ခံစားမှုကင်းကင်းနဲ့ မကြိုပါနဲ့။
အားငယ်နေမှာပေါ့။ ကွင်္ီ

Phyo Evergreen said...

မေကို ချစ်သူမုန်းသူများအားလုံး မေမှာပျော်ရွှင်ပါစေ....

Sein Lyan Tun said...

မေမှာမောင်ဖြိုးကိုထပ်တွေ့ချင်ပါသည်

နွေးနေခြည် said...

မေ
ကိုယ့်အတွက်တော့ ၂၀၀၈ မေ ကထူးခြားတယ်