Thursday, July 1, 2010

Miley Cyrus Medley ( by Christina Grimmie)

အခုချိန်မှာတော့ Miley Cyrus လို့ဆိုရင် လူတော်တော်များများသိကြမယ်လို့ထင်ပါတယ်..။ သူ့သီချင်းတွေကို နေရာတိုင်းလိုလိုကြားနေရတာကြာပါပြီ Mall တစ်ခုခုဝင်သွားလိုက်ရင် Store ဆိုင်တစ်ခုခုကဖွင့်ထားတာဖြစ်ဖြစ်.. စားသောက်ဆိုင်တစ်ခုခုမှာ ၀င်စားရင်ဘဲဖြစ်ဖြစ် သူ့သီချင်းတွေကိုအချိန်တော်တော်များများမှာကြားရမှာပါ..။ ဆယ်ကျော်သက်လူငယ်တွေကလည်း Miley Cyrus နဲ့ သူ့သီချင်းတွေကိုဆိုအသဲစွဲပါ.. (ကျွန်တော်ကတော့ ဆယ်ကျော်သက်ဘ၀ကို လတ်လတ်ဆတ်ဆတ်ကြီးဆုံးရှုံးထားသူပါ.. (ဘာမှလည်းမဆိုင်ဘူး.. (;))။ တကယ်တော့ဆိုလိုချင်တာက လူကိုသဘောမကျပါဘူး.. ဒါပေမယ့်လို့.. သူ့သီချင်းလေးတွေတော့သဘောကျပါတယ်လို့ပြောချင်တာပါ..။ တစ်ချို့သီချင်းတွေဆို သံစဉ်အလိုက်တွေလည်းကောင်းတယ်.. စာသားတွေလည်းကောင်းပါတယ်.. ဒါပေမယ့် သူ့အသံနဲ့ မလိုက်ဘူးလို့ထင်လို့ပါ..။ စကားပလ္လင်ခံတာတော့များသွားပြီ.. တကယ်တော့ ဒီပို့စ်က Miley နဲ့တော့သိပ်မဆိုင်လှပါဘူး.. သို့သော်လည်း သူ့နာမည်ကပါနေတော့လေ..။



ဒီ Music Video လေးကိုအထပ်ထပ်အခါခါကြည့်ဖြစ်နေတာကြာပါပြီ...။ Miley ရဲ့သီချင်းကောင်းတော်တော်များများကို စုပြီး Medley လုပ်ထားတာပါ..။ ဆိုတဲ့အဆိုတော်လည်း သဘောကျတယ် ၊ MV လုပ်ထားတဲ့အတွေးလေးလည်းကောင်းတယ်..၊ ပြီးတော့ သူ့အသံနဲ့ ပိုပြီးလိုက်ဖက်တယ်ထင်လို့ပါ..။ ခဏခဏကို ..မကြာခဏကို.. အမြဲတမ်းလိုလို.. အချိန်ရတိုင်းကို ...သတိရတိုင်းကို နားထောင်ပါတယ်.. (; ။ တကူးတကလာလည်သူများ ၊ မျက်စိလည်လမ်းမှားရောက်လာသူများ.. အပျင်းပြေသီချင်းလေးနားထောင်သွားပါ ခင်ဗျာ..။

2 comments:

မောင်မျိုး said...

သီချင်းလေး နားထောင်သွားတယ် ညီ စာလေးတွေဖတ်ချင်သေးတယ် မအားလို့လားး

mabaydar said...

မွှန်းထားလိုက်တာ... ခုတော့ အလုပ်မှာမို့ ကြည့်လို့မရဘူး... အိမ်ရောက်မှ ကြည့်လိုက်ပါအုံးမယ်...