Sunday, July 4, 2010

မို

အခါလွန်မိုးတွေ
ခပ်စွေစွေရွာတယ်..
သို့ပေမဲ့လည်း..
အတူစီးဆင်းဖို့အတွက်တော့
မြစ်တစ်စင်းဖြစ်မလာခဲ့...။

ကော်ဖီခပ်နွေးနွေး..
ဖြည်းဖြည်းမော့သောက်မိတယ်..
သို့သော်..
နောက်ဆုံးအချိန်ရောက်နေတဲ့ အာရုံတစ်စအတွက်တော့
အသက်ကယ်ဆေး မမှီခဲ့..။

ရင်ခုန်သံတွေ
ွထိန်းမရအောင် ကျယ်လောင်နေတယ်
ဒါပေမယ့်
မင်းနှလုံးသားကိုနှိုးထဖို့အတွက်..
အသံချဲ့စက်တစ်ခုတော့ ထပ်ပြီးလိုအပ်နေမလားဘဲ..။

အချစ်ရေ..
စကားတွေလည်း ထပ်ပြီးမဆိုချင်ဘူး
အတွေးများလည်း အလေလွင့်မခံနိုင်တော့ဘူး
အိပ်မက်တွေလည်း အခါခါလန့်မနိုးချင်တော့ဘူး
အဆုံးမှာတော့
မင်းကို ကိုယ်တကယ် လက်မလွှတ်နိုင်တော့ဘူး..။

7 comments:

မောင်မျိုး said...

လက်မလွှတ်နိုင်ရင်ဆွဲထား ညီး)

khin oo may said...

မို.၊?

:P said...

မိုးကို ဝစ္စပေါက်ကျန်ခဲ့တာလား... ဒါမှမဟုတ်.. မို ဆိုတဲ့ ကောင်မလေးကိုစောင်းရေးထားတာလား
mould တော့မဟုတ်လောက်ဘူးထင်တာပဲ.... ။ :D

အိမ့်ချမ်းမြေ့ said...

မည်သို့ပင်ဖြစ်စေ.. တစ်ခုခုဆို ဖိတ်စာနှင့် လေယာဉ်လက်မှတ် ပို့လိုက်ပါလေ..

Phyo Evergreen said...

ကိုမျိုး။ ။နောက်လည်းသင်စရာရှိရင်သင်ပေးပါ..ဆရာစားမချန်ပါနဲ့..။

ကြီးတော်ကွမ်နဲ့စင်။ ။တို့ကတော့ မိုမှ မိုဘဲ..။

မလေး။ ။ဂယ်နော်..အတည်နော်..?

ကိုအောင် said...

ကောင်မလေးက တော်တော်ချောလား၊ ဆွဲထားနော်
လက်ကို ပြောတာပါ ...း)

ဏီလင်းညို said...

ညီလေးရေ......
နောက်ဆုံးအပိုဒ်လေးမှာပြုံးမိသွားတယ်ဗျာ......။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို