Monday, July 20, 2009

Sambal Fish

အရင်ပို့စ်တုန်းက မနွေးကအစားအသောက်မပါလို့ စိတ်ဆိုးသွားပြီဆိုလို့ ဒီတစ်ခါလည်း အရသာရှိတဲ့ပို့စ်လေးတစ်ပုဒ်လောက် တင်ချင်ပါ့..။ ဒီရက်ပိုင်း ရာသီဥတုပူပြီး ခေါင်းတွေလည်းကိုက်နေတယ်.. စားချင်စိတ်လည်းပျောက်နေတာကြာပြီ...။ အပြင်သွားလည်း ဘာစားရမှန်းမသိ ဆိုင်ရှေ့ဟိုကြည့်ဒီကြည့်နဲ့ လှည့်ပြန်တာလည်းများပြီ..။ ဒီနေ့အပြင်သွားရင်းနဲ့ Sambal Fish ဆိုတာစားဖြစ်တယ်...။ တော်ရုံတန်ရုံ ဒီလိုအစားအသောက်မျိုးမစားဖြစ်ဘူး.. ဒီနေ့မှ ထူးထူးဆန်းဆန်းစားချင်လာတာနဲ့ စားဖြစ်တယ်.. မဆိုးဘူး စားလို့ကောင်းတယ်..။


စင်္ကာပူမှာတော့ Sambal ဆိုပြီး ကြက် ၊ ငါး ၊ ပုဇွန် နဲ့ ပင်လယ်စာဆိုပြီးအမျိုးမျိုးရှိတယ်..ဟင်းအနှစ်နဲ့ ချက်ထားတာမျိုးကိုခေါ်တာပါ..။ Sambal ဆိုတာမလေးစကားလို့ထင်ပါတယ်..။ ခါတိုင်း Sambal အမျိုးမျိုးတွေ့ဖူးပေမယ့် ကြိုက်မယ်မထင်လို့ မစားဖြစ်ခဲ့ဘူး...။ ဒီနေ့တွေ့တာကျတော့ ပုံမှာပြထားတာ ခါတိုင်းမြင်ဖူးတာနဲ့ မတူလို့ ကြိုက်ကြိုက်မကြိုက်ကြိုက် စမ်းစားကြည့်မယ်ဆိုပြီး စားဖြစ်တာ..။ ဆိုင်က လုပ်ပေးတာကို စောင့်ကြည့်နေတော့ Breaded Fish ရယ်၊ ဂေါ်ဖီထုပ်ပါးပါးလှီးထားတာကို အပေါ်မှာ Mayo ဆမ်းပေးထားတာရယ် ၊ ထမင်းရယ်ပါပါတယ်..။ အရသာကောင်းပြီး ထမင်းပါတာများပါတယ်.. (ကျွန်တော်က ထမင်းများများစားရတာသဘောကျလို့ပါ..)။ ငါးကြော်အပေါ်မှာ Sambal အနှစ်ဆမ်းပေးပါတယ်... ကြက်သွန်နီ၊ ပုဇွန်ခြောက်၊ ငရုတ်သီး စတာတွေပါမယ်ထင်ပါတယ်..(အတွေ့အကြုံအရ..ဟီး).. မြန်မာဟင်းအနှစ်လို အရသာရှိရှိနဲ့ စားကောင်းပါတယ်..။ အရည်သောက်တော့ မပေးဘူး စားရတာနည်းနည်းတော့ နင်ပါတယ်.. အအေးလေးသောက်ရင်တော့ အဆင်ပြေမှာပါ...။ စားခဲ့တာကတော့ Jurong West St51, Se7en Eleven ဆိုင်ဘေးက Food Court မှာပါ..။ စာဖတ်သူအားလုံး အရသာရှိရှိစားသောက်နိုင်ပါစေ.. :D ဘိုင်းဘိုင်..။

6 comments:

Anonymous said...

စားချင်တယ် ဝေးးးးးးးးးးးးးးး

တကယ်ကျွေးမှာလား
Sambal Fish
တခါမှ မစားဖူးဘူရယ်
စားချင်လိုက်တာ

း)

မြူးလေး

rose of sharon said...

အင်း...ကြည့်ရတာအရသာရှိမဲ့ပုံဘဲ.... စားချင်စရာလေးနော် :P

မိုးကောင်းသူ said...

Sambal Fish ကို အရသာရှိရှိ လာစားသွားပါတယ်။

နွေးနေခြည် said...

အေးလေ.. ထမင်းတွေအများကြီးပဲနော်.. အဲလိုအများကြီးပေးခဲတယ်။ မစားဖူးဘူး။ ဟိုတနေ့ကတောင် ဘူဂစ်ရောက်တော့ နဖြိုးစားဖူတာတောင် သတိရသေးတယ် ....

Anonymous said...

ထမင်းစားပြီးမှ ဒီပို့စ်ကိုဖတ်တယ်.
း)
မမွန်

Anonymous said...

ဒေါ်မြူး
rose of sharon
အစ်မမိုးကောင်းသူ
မနွေး ... တွေ့ဖြစ်ကြရင် ကျွေးမယ်လေ..။

တီမွန်ကြီး အသေအချာပြင်ဆင်ပြီးမှလာဖတ်တယ်ပေါ့လေ..

Evergreenphyo