Thursday, April 9, 2009

Seafood Don

(photo by me)
အဟား.. ဒီရက်ပိုင်းအစားအသောက်ပို့စ်တွေချည်းတင်နေတာ.. စာဖတ်သူတွေတော့ဘာပြောမလဲမသိဘူး။ အလုပ်များတာကို အကြောင်းပြပြီများများစားပေးနေတာလေ.. အဟက်။ ဒီနေ့လည်း ထပ်စားတွားဏော်ဗျာ.. Seafood Udon တဲ့..။

မနေ့ကစားဖြစ်တာက Seafood Don ပါ..။ Don ကိုဘယ်လိုအသံထွက်လဲမသိဘူး.. ဒုံ လား တုံလားမသိဘူး ဆိုင်မှာ မှာတော့ မသဲမကွဲ ရောပြီးတော့အသံထွက်လိုက်တာဘဲ.. ဆိုင်ကလူလည်းပေါက်ပါတယ်.. နှစ်ခါပြောစရာမလိုဘူး။
ဒီမှာ စလုံးကလူတွေ ဂျပန်စာကို တော်တော်များများစားကြ.. ကျောင်းမှဆိုလည်း ဂျပန်ဆိုင်ဆိုလူတွေအုံနေတာဘဲ..။ အပြင်မှာလည်း ဂျပန်ဆိုင်တွေ စားတဲ့သူတွေများပါတယ်..။ ဂျပန်စာကို အနံ့မခံနိုင်တာများတယ်.. ဆူရှီဆို မရဘူး.. ကြိုက်တဲ့သူတွေကတော့ မက်မက်မောမောစားတာဘဲ.။ ဘယ်လောက်ကောင်းကောင်းလေ ကိုယ်မကြိုက်တော့လည်းမစားဘူးပေါ့ဗျာ။ ကျွန်တော်က အစိမ်းမစားတော့ ကြော်ထားတဲ့ဟာနဲ့ပဲစားတယ်.. ကြော်ထားတာတောင် ညှီချင်နေသလိုဖြစ်နေတာ။


(photo by me)
ဆိုင်မှာ အဲဒီ့ ဒုံကို ပင်လယ်စာ၊ကြက်သား ၊ ငါး တို့နဲ့ရပါတယ်.. ။ တစ်ခြား curry rice၊ ဆူရှီ ၊ Teriyaki chicken၊ ငါးကင်နဲ့ ထမင်းတို့လည်းရတယ်..။ Kofu မှာစားတာပါ..။ ကျွန်တော်စားတဲ့အထဲမှာတော့ ပုဇွန်ကို တင်ပူရာလိုမျိုး ကြော်ထားတာရယ်.. ငါးအကွင်းတွေရယ်.. ပြီးတော့ ကဏန်းလက်မပါပါတယ်.. ။ လက်မသာဆိုတယ်. တကယ်ကအသားအစစ်မဟုတ်ပါဘူး.. fish ball ပုံစံမျိုးကြိတ်ထားတာပါ..။ အစာပလာတွေအောက်မှာ ထမင်းပါတယ်.. ပြီးတော့ ဂေါ်ဖီချဉ်ပါတယ်...။ ထမင်းကို ဆော့စ်အညိုတစ်မျိုးဆမ်းထားပါတယ်.. ထမင်းစေးစေးလေးနဲ့ စားလို့ကောင်းတယ်.. ထမင်းချည်းဘဲတောင်ကောင်းတယ်.။ မိဆော ဟင်းချိုလည်းပါတယ်.. မကြိုက်ဘူး..။ တကယ်တော့ စမ်းစားကြည့်တာ.. မဆိုးဘူးလို့ ပြောလို့ရတယ်.. ကြည့်လိုက်ရင်နည်းတယ်လို့ထင်ပေမယ့် တကယ်စားကြည့်တော့ ဗိုက်ပြည့်ပါတယ်..။ နောက်ကြုံရင် စားကြည့်ကြပေါ့ဗျာ..။ “အစားအသောက်သည် လူနှင့် တည့်၏” ဟူသောအဆိုအား ရာနှုန်းပြည့်ထောက်ခံပါသည်။

11 comments:

မိုးကောင်းသူ said...

မမ ပထမ :D
ဂဏန်းလက်မကို တူနဲ့ညှပ်နေတာ အစ်မ ပါးစပ်ထဲရောက်ရင်ကောင်းမှာ။

မွန် said...
This comment has been removed by the author.
:P said...

ဂဏန်းလက်မကို ညာလက်နဲ့ညှပ်နေချိန်မှာ
ဘူက ဓာတ်ပုံရိုက်ပေးတာလဲ...

တောင်ပေါ်သား said...

ရှလွတ် စားချင်စရာ ဘယ်က၀ယ်စားတာတုန်း အိမ်လာပို့ပေးပါ့လား စားချင်တယ် အဟွန့်
ဒုံ အား ငတ်ကြီးထတာ ဆောင့်မိပြီဟ


လေးစားလျက်
တောင်ပေါ်သား

Phyo Evergreen said...

ွှွှွှအားလုံးကျွေးမယ်.. ပဲပြုတ်လေးတွေတန်းဆီ..။
အစ်မမိုးကောင်းသူရေ ကြုံရင်ကျွေးမယ်နော်
တီစင်ရေ ဘယ်လက်နဲ့ရိုက်တာပေါ့.. လာစားတယ်နော်။သူ့ရိုမ အီဖော်ချိပဲရို့ချို။
ကိုတောင်ပေါ်သားရေ ပို့ခတော့ပေးရမယ်နော...ဟီး။

နွေးနေခြည် said...

ပုစွန်ခွက်ကြော်လေးနဲ့ ထမင်းပူပူလေး စားချင်လိုက်တာ (ဆိုင်လားတော့ မသိဘူး)

မီယာ said...

ပူပူ ကြွပ်ကြွပ် လေးဆို စားလို့ ကောင်းလိုက်မယ် ဖြစ်ခြင်း... အစားအသောက် ကောင်းကောင်း စားဖြစ်ရင် တင်ပါ မောင်ဖြိုးရေ... အစုံတွေ့ရတာပေါ့

Sein Lyan Tun said...

ဂဏာန်းလက်မကိုကြိုက်တယ်

WWKM said...

ဟိုနေ့ကလာတော့ ဗိုက်ပြည့်နေလို့ မစားသွားတာ.
ဂျပန်စာတွေပါလားး အစ်မက တန်ပူရာဆို အရမ်းကြိုက်
...း) ဂျပန်အစားအစာထဲမှာ တန်ပူရာအကြိုက်ဆုံးပဲ.း)

khin oo may said...

သျူချည်းဘဲစားနေတာဘဲ။

Anonymous said...

မစားရအညှော်ခံ ဘ၀ပါလားနော်း)