Tuesday, April 21, 2009

လွတ်မြောက်ချိန်


















သံယောဇဉ်ပြတ်လို့တော့ မဟုတ်ဘူး
တွယ်တာရတဲ့စိတ်တွေ
ခဏတာညှိုးရော်သွားလို့...

မမေ့နိုင်မိုးတွေရွာချိန်မှ
ပြန်လည်လန်းဆန်းလာမဲ့
ဘ၀တွေအတွက် ငါ
အချိန်မစောင့်ချင်ဘူး.....။

ငှက်တစ်ကောင်လို အမြင့်ကိုပျံဖို့
ကြည်လင်နေတဲ့ကောင်းကင်
ငါ့ကို ကြိုဆိုနေပြီ ..

အနားမှာရှိပေးလို့
ခွန်အားတွေမျှဝေပေးပါ......

ကောင်းသတင်းတွေ ဆောင်ယူဖို့
အမြင့်ဆုံးကို ငါ
လွတ်လပ်စွာ ပျံသန်းတော့မယ်.....။

23 comments:

WWKM said...

ဆာယိုနရ.း)

WWKM said...

အရုပ်ဆော့မယ်.. ဆီဘုံးထုတ်ပါဗျို့...

Anonymous said...

ပျံသာပျံပါ ရွှေဟင်္သာရေ့

သီဟသစ် said...

ပျံသာပျံပါ ထက်အာကာသို့

Cbox ဘယ်မှာတုံး phyo ရ
ပေါင်ထားတာလား :P

နွေးနေခြည် said...

~~~လေဟုန်ကိုဆန် အဝေးဆုံးကိုပျံ~~~
ဟိုနေ့ကလည်း လာတယ် စီဘုံးမတွေ့လို့... အဆင်ပြေတယ် နေကောင်းတယ်မလား
သတိရတယ်နော် ချိုးချိုး

Anonymous said...

မြင့်မြင့်သာပျံပါ ငှက်ကလေးရေ့ မောရင် လည်း အစ်ကိုတို့သစ်ပင်ကလေးတွေလာနားလှည့်ပါ ။

မြူးသျှရီ said...

ဖြိုးရေ.....
ကဗျာလာဖတ်တယ်...
စီပုံးပြန်ထည့်လေ.....

မိုးကောင်းသူ said...

phyo
စီပုံးလဲ ရှိတော့ပါလား။ ဘယ်ရောက်သွားတာလဲဟင်။
လွတ်မြောက်ချိန်လေးဖတ်သွားတယ်နော်

WWKM said...
This comment has been removed by the author.
တောင်ပေါ်သား said...

ကဗျာလေး လာခံစားတယ်ဗျာ.. တခါတလေ ဒီလိုတော့ လူသားတိုင်း ပျံသန်းချင်တာပါပဲဗျာ.. တချိန်ချိန်ပေါ့

စကားမစပ်။ ။ စီပုံးထုတ်ပါဗျို့ ပျောက်နေတယ် ဟွန်းးး


လေးစားလျက်
တောင်ပေါ်သား

Phyo Evergreen said...
This comment has been removed by a blog administrator.
WWKM said...

အမယ်... မောင်ဖြိုး...
စကားလုံးတွေက ရင့်လှချည်လား...
ခပ်ပြတ်ပြတ်ပဲပေါ့....
သံယောဇဉ်ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ကွယ်...
ဘလော့ဂါလောကကြီးက သံယောဇဉ်တွေ များပါတယ်
နော့.... ထပ်မပြောတော့ပါဘူးး အမြင်မှန်ရသွားလို့ ၀မ်း
သာပါတယ်... တီဝါလည်း မောင်နှမတွေ အားလုံးကို သံယောဇဉ်ပြတ်နိုင်အောင် ကြိုးစားနေပါတယ်....
တစ်နေ့နေ့ပေါ့နော်....

“ကောင်းသတင်းတွေ ယူဆောင်ဖို့ လွတ်လပ်စွာ ပျံသန်း
နိုင်ပါစေ... ”

တီဝါ

သီဟသစ် said...

phyo lay
cbox ပြန်ထုတ်ပေး..

Unknown said...

ဖြိုးရေ... အမြင့်ဆုံးကို စီပုန်း ယူပြီးတခါထဲ ပြန်သွားတာလား.. ဒါမှ မဟုတ် အမတို့ လာလာနောက်နေလို့ လား.. ဘယ်လို ပဲဖြစ်ဖြစ် စီပုန်း မတွေ့ တော့ ဘာဖြစ်လည်း လို့ ..။
အကြောင်းတော ကြားအုံး..။

အမ
မေရီ

Unknown said...

ဖြိုးရေ...
ငှက်ကလေးအတွက် ကြည်လင်တဲ့ ကောင်းကင် ရှိနေပေမဲ့ .. ငှက်ကလေးကို ပျံသန်းဖို့ အတွက် အေးမြတဲ့ လေထု ရှိဖို့ လိုတယ် ဆိုတာလည်း မမေ့နဲ့ နော်..။

ဘာပဲဖြစ်ဖြစ်ပေါ့ ငှက်ကလေးအတွက် ကောင်းကင်ကြီး အမြဲ ကြည်လင်နေပါစေလို့ ပဲ အမဆုတောင်းပေးလိုက်တယ်နော်..။

Anonymous said...

ကဗျာလာဖတ်သွားတယ်ကွာ.. ကောင်းပါတယ်.. ငါလည်းအတူတူလိုက်မယ်.. တာ့တာ

Anonymous said...

ဆီပုံပျောက်နေလို့ ဒီမှာထပ်လာအော်တာ. ကဗျာကနေ့ခင်းထဲကဖတ်ပြီးသား..း) နေကောင်းတယ်ဟုတ်.. ငါလည်းနည်းနည်းတော့အဆင်ပြေလာပါပြီ.. ဆီးယူ အီးယူ..းP

သီဟသစ် said...

မောင်ဖြိုးဘယ်ပျောက်စ်..
လူပျောက် Cbox ပျောက်
အားလုံးပျောက်..

စလုံးမလေးတွေကများ ပြန်ပေးဆွဲသွားသလား...

ကဗျာဦး said...

ကဗျာလေးကောင်းတယ်

Sein Lyan Tun said...

ကျနော်လဲလိုက်ချင်တယ်..အတောင်လေးကိုခိုပြီးတော့
လိုက်ခွင့်ပေးပါနော်

Sein Lyan Tun said...

စီဘုံးလဲတွေ့ဘူး
ဘယ်ရောက်သွားတုန်း
အိမ်ကိုတိတ်တိတ်လေးလာနေတုန်းလား
လုံးဝမလာတော့တာလား

မြူးသျှရီ said...

ဖြိုးရေ..
လည်လည်လာပါတယ်ရှင်။
ပုန်းနေရတာစိတ်မကျင်းကျပ်ဘူးလား။
(စာလုံးပေါင်းမှားရင်သည်းခံပါ)

ခမ်းကီး said...

ကြိုက်တယ်...
ကျေးဇူးပါဗျာ။