လက်ခုပ်သံတွေ
နားဆင်ပါရစေ
ရှေ့ဆက်မဲ့နေ့ရက်တွေ
ရှင်သန်ထမြောက်ဖို့လေ။
ချီးမြောက်မှုတွေ
နွေးထွေးစွာပွေ့ယူပါရစေ
မွတ်သိပ်နေတဲ့နှလုံသားကို
တိုက်ကျွေးပြုစုဖို့လေ။
ကြီးကျယ်ခမ်းနားမှုတွေ
ကြုံပါရစေ
တစ်သက်မှာလေ
တစ်ခါသာဖြစ်ချင်ဖြစ်ပါစေ။
လက်ခုပ်သံတွေကနေ
ချီးမြှောက်မှုတွေကနေ
ခမ်းနားမှုတွေကနေ
ဖြစ်ခဲ့ ရခဲ့ ပိုင်ဆိုင်ခဲ့တဲ့
ပီတိ ခွန်အား ကြီးမြတ်မှုတွေနဲ့လေ
မိဘကျေးဇူးကို
တစ်သက်တာ
ဆပ်နိုင်ခွင့်ရပါရစေ....။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
15 comments:
တောင်းတဲ့ဆုတွေ ပြည့်အောင်ကြိုးစားနိုင်ပါစေ...။
ချီးမြောက်ချင်လို့။
ဒီလိုသားမျိုးလေး မွေးချင်လိုက်တာ.
ကဗျာကောင်းလေး လာရောက်မှတ်သားသွားပါတယ်။
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
အဖေ နဲ့ အမေ့ ဆီက ဘာလိုချင်နေလဲမသိး)
ကောင်လေး ချွဲနေတာလား ။
စတာ စတာ သားလိမ္မာဆိုတာ ဘယ်တော့မှ ဒုက္ခမရောက်ဖူးတဲ့ မင့်အစ်ကို ..ကိုပဲကြည့် ခဏခဏ ခလုတ်တိုက်နေတာ လိမ်မှ မလိမ္မတာ :P
ကဗျာလေးကကောင်းလိုက်တာ
တော်လိုက်တဲ့သား
ဆာပါတယ်မှ ၀ါးတီးနဲ့တိုးတယ်။
ရောက်ပါတရ် ။ မိဘစိတ်ဆင်းရဲအောင်လုပ်တဲ့သားသမီးက ဘယ်တော့မှ မကြီးပွားမချမ်းသာဘူးတဲ့ ။ ဒါဆို သားသမီးကိုမျက်ရည်ကျအောင်လုပ်တဲ့မိဘကျတော့ကော ။ မိဘမျက်ရည်တစ်စက် သားသမီးတစ်သက်တဲ့ ။ ဒါပေမဲ့ မိဘကြောင့် သားသမီးတွေရဲ့ နှလုံးသားတွေ ဘယ်လောက်ကြေကွဲခဲ့ရသလဲဆိုတာကို မိဘတွေတွေးမိပါရဲ့ လားတဲ့ ။
ဘာပဲဖြစ်ဖြစ် မိဘနဲ့သားသမီး ပွင့်ပွင့်လင်းလင်းချစ်ချစ်ခင်ခင်နေတာ အကောင်းဆုံးပါပဲ ။ မိဘကျေးဇူးဆပ်ခွင့်ရတဲ့ ဆပ်နိုင်တဲ့သားသမီးကောင်းတစ်ယောက်ဖြစ်ပါစေနော် ။
(ကိုရဲ)
တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ
သားလိမ္မာလေး
မတောင်းပဲနဲ့စိတ်လိုတိုင်းပြည့်ပါစေ
သားလိမ္မာလေးပဲ.. :)
ဒီကဗျာလေးကို ဖြိုးလေးရင်ထဲမှာလဲ တသက်လုံးသိမ်းထားနိုင်ပါစေ
အားလုံးကျေးဇူးပါ...။
လက်ခုပ်သံတွေ
နားဆင်ပါရစေ
ရှေ့ဆက်မဲ့နေ့ရက်တွေ
ရှင်သန်ထမြောက်ဖို့လေ။
ကဗျာလေးကောင်းတယ်--
သားလိမ္မာလေး--ဖြိုး--
ဖြိုး...ကဗျာလေးကောင်းတယ်..။ သားလိမ္မာလေး ရထား တာ မိဘတွေ ကံကောင်းတာပေါ့..။
Post a Comment