Sunday, August 15, 2010

အချစ်ရယ်

ညနေခင်းတွေ
သိပ်ကိုအေးစက်လွန်းနေတော့.....

စားပွဲခုံစွန်းမှာကွယ်
ကော်ဖီခါးခါးတစ်ခွက်ရယ်
တာဝန်ကင်းမဲ့စွာ
ခပ်တိုးတိုး အိပ်မောကျလို့နေတယ်.....

အရောင်ခြယ်မှုတွေကင်းတဲ့
ခပ်မှိုင်းမှိုင်း အခန်းထောင့်ဝယ်
မင်းအတွက်ရည်စူးထားတဲ့
နှင်းဆီတစ်ပွင့်ကွယ်
ကိုယ့်ကို
ခပ်အုပ်အုပ် လှောင်ရီနေလေတယ်.....

အတွေးတွေ
မြူတွေလို မှုန်ရီဝါးတယ်
အချစ်ရယ်..
မင်းသာ အနားနားရှိရင်
ကိုယ့်နှလုံးသားလေး
.....ထာဝစဉ်နွေးထွေးမယ်.....

- EvergreePhyo -

1 comments:

Maung Myo said...

ကဗျာ ခေါင်းစဉ်လေးကို ပိုကြိုက်တယ် နုနုညံ့ညံ့လေး အချစ်ရယ်တဲ့ ဒီကောင်လေးနော်း)