Monday, August 9, 2010

ဒဏ္ဍာရီ

အလွမ်းအဆွေးတွေ
အထပ်ထပ် အကျဉ်းချထားတာတောင်

မင်းအပြုံးလေးတွေ
အိပ်မက်နက်နက်ထဲ မြှုပ်နှံထားတာတောင်

အခုလို သတိရခြင်းတွေ
တဖွဲဖွဲကျတဲ့ရာသီမှာ
ကိုယ်တိုင် နားမလည်နိုင်လောက်အောင်
ဒဏ်ရာဟောင်းနဲ့အတူ
အတိတ်မှိုင်းမှိုင်းမှာ
.......ဒဏ္ဍာရီဆန်ဆန် မိန်းမောလို့........

- Evergreen Phyo -


အခုတလော နားထဲစွဲနေတဲ့သီချင်းပါ

4 comments:

အိမ့်ချမ်းမြေ့ said...

ဒီလိုပါပဲ...
လွမ်းတတ်သူက အရှုံး...

မောင်မျိုး said...

အလွမ်းတွေကို စမ်းရေထဲမှာ မျှောလိုက်ပြီးးးး ซญ

ညီလင်းသစ် said...

အလွမ်းတွေ တဖွဲဖွဲကျတဲ့ရာသီ...တဲ့၊ မိုက်တယ် ကိုဖြိုး။

Realize ကိုလည်းကြိုက်တယ်၊ တခါမှ မကြားဖူးသေးဘူးဗျ၊ Thanks...!

rose of sharon said...

အလွမ်းဓာတ်ခံရှိတယ်ထင်ရဲ့နော်... :)