Sunday, January 24, 2010

ခုတစ်လော


၁။ တွေးမိနေတာက - အချိန်မှီသာပြင်ဆင်ခွင့်ရှိခဲ့ရင်..


၂။ သတိရမိနေတာက - ပျောက်ဆုံးသွားတဲ့ အမှတ်တရပစ္စည်းတစ်ခု


၃။ ရေးဖြစ်နေတာက - မရေမတွက်နိုင်တဲ့ email တွေ


၎။ စားဖြစ်နေတာက - ထမင်းများများ


၅။ စွဲလန်းမိနေတာက - အိပ်ယာလေးနဲ့ ခေါင်းအုံးလေး


၆။ ဖတ်ဖြစ်နေတာက - Holy Bible (သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးလာလို့ဖတ်ကြည့်နေတာပါ)


၇။ ပြန်ဆင်ခြင်မိနေတာက - လုပ်စရာရှိတာချက်ချင်းလုပ်ဖို့ ၊ အချိန်မဆွဲမိစေဖို့


၈။ ရောက်ဖြစ်နေတာက - အိမ်နဲ့ကျောင်း .. ကျောင်းနဲ့အိမ်


၉။ နားထောင်ဖြစ်နေတာက - ချစ်ရည်းစားထားချင်တယ် .. :(


၁၀။ ဖြစ်ချင်နေတာက - ပျော်ရွှင်တဲ့သူ


၁၁။ လိုချင်တာက - စိတ်ချမ်းသာမှု


၁၂။ ထိန်းမရတာက - အတ္တစိတ် ( နည်းနိုင်သမျှနည်းအောင်ကြိုးစားနေပါတယ်.. )


၁၃။ လက်လွှတ်လိုက်ရတာက - ရင်းနှီးထားတဲ့အချိန်တွေ


၁၄။ ခါးသီးနေတာက - ဘ၀ပေးအခြေအနေတွေ


၁၅။ တောင်းမိတဲ့ဆု - ဆုမတောင်းတာကြာပြီ


၁၆။ ၀န်ခံချင်တာက - အသက်ကြီးလာလေလေ လူက မပျော်လေဘဲ


၁၇။ နောက်ဆုံးစကား - အားလုံးကို သတိရပါ၏။

4 comments:

khin oo may said...

သတိရလို့မြင်တာနဲ့ပြေးဖတ်၏

မီယာ said...

မတွေ့တာကြာလို့... စိတ်ချမ်းသာမှုတွေ လိုချင်တိုင်း ရပါစေ :)

မောင်မျိုး said...

အသက်ကြီးလာလေ မပျော်တော့လေပဲတဲ့ တယ်ဟုတ်တဲ့ စာသားင်္ကြီးပါလား အစ်ကိုကြီးရး)

rose of sharon said...

Holy bible ဖတ်နေတယ်ဟုတ်လား..... မဖတ်ဖြစ်တာကြာနေတာသတိထားမိသွားတယ်