Sunday, January 3, 2010

၂၀၁၀ နှင့် အပြာရောင်ဆောင်းရက်များ



စာလာဖတ်သူများအားလုံး နှစ်သစ်မင်္ဂလာပါ..။ တစ်ချို့တွေ့တော့ New Year အပျော်တွေကူးစက်လို့မကုန်သေးဘူးထင်ပါရဲ့..။
ကျွန်တော့်အတွက်တော့ နှစ်သစ်ဆိုတာ ဒီနေ့ကနေ မနက်ဖြန်ပြောင်းသွားသလိုပါဘဲ...။ ဒီနှစ်လည်းဘာမှထူးထူးခြားခြား မလုပ်ဖြစ်ပါဘူး.. ၃၁ ရက်နေ့ နေ့လည်ပိုင်းသူငယ်အချင်းတွေနဲ့ အပြင်ထွက်လည် ထမင်းတူတူသွားစားဖြစ်တာလောက်ဘဲရှိတယ်..။ ညဘက်တော့ အိမ်ကကွန်ပြူရှေ့မှောက် ရောက်နေတာ ၁၂ ထိုးခါနီးတော့မှဘဲ ၂၀၁၀ ရောက်တော့မယ်ဆိုတာသတိရပါတယ်.. :)။ လမ်းမဘက်ကဆူညံဆူညံအသံတွေနဲ့ မီးရှူးမီးပန်းဖောက်သံတွေကြားလိုက်တော့ ရင်ခုန်သလိုဖြစ်ချင်သေးတယ်.. :D။
အပြာရောင်ဆောင်းရက်များလို့သာဆိုတာ တကယ်ဆိုလိုချင်တာက winter blues ကိုပါ..။ ငယ်ငယ်တုန်းကနေအခုအချိန်ထိ ဆောင်းရာသီရောက်တိုင်း အထူးသဖြင့် ဒီဇင်ဘာရောက်တိုင်း စိတ်ခံစားမှုတွေများလာတတ်တယ်..။ တစ်ယောက်တည်းနေချင်တာမျိုး..၊ အတိတ်ကအချိန်တွေပြန်တွေနေတာမျိုး..၊ ဒီမှာနှင်းမကျပေမယ့် နှင်းတွေကျနေတဲ့နေရာပုံတွေကိုကြည့်ပြီး တစ်နေရာရာကို လွမ်းသလို နှစ်တိုင်းဖြစ်ပါတယ်..။ နောက်မှသတိထားမိတာက ကျွန်တော့်မှာ winter blues များရှိနေမလားဆိုတာပဲ..။ ဒီနှစ်တော့ ခါတိုင်းနဲ့မတူဘူး.. စိတ်တွေလည်းမလေဘူးလို့ ထင်ထားတာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ စွဲလမ်းနှစ်သက်တဲ့ အမှတ်တရပစ္စည်းတစ်ခုမတော်တဆပျောက်သွားပြီး ရင်ထဲမကောင်းဖြစ်သွားတာဘဲ..။ တရားနဲ့ပဲဖြေပါတယ်လေ.. ဒါကြောင့်ခုရက်ပိုင်းအခြေအနေတိုးတက်လာပါတယ်..။ (yeah :))



ရှောင်လို့မရဘူးဘဲပြောရမလားတော့မသိ... အပေါ်ကသီချင်းနားထောင်ရင်းနဲ့ အပြင်းဆုံးအဆင့်ကိုရောက်သွားတော့တာဘဲ..။ သီချင်းဆိုတာတွေမပါဘူး.. တူရီယာတွေနဲ့ပဲ ညင်ညင်သာသာလေးတီးခတ်သွားတာ..။ သံစဉ်အတက်အဆင်း အနိမ့်အမြင့်တွေ တစ်အားဆွဲဆောင်မှုကောင်းတယ်... သီးခြားကမ္ဘာလေးထဲရောက်သွားသလိုပါဘဲ.......။ သီချင်းနားထောင်ရင်းနဲ့ပဲ.. ကျွန်တော်ဟာ ဆောင်းရက်တွေရဲ့ အပြာရောင်နှင်းတွေအောက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ပြန်ပြီပေါ့..။ winter blues ရယ် ကိုယ်မင်းကိုမချစ်တာတောင်..........မင်းကိုယ့်ကို အဲသလောက်တောင် တွယ်တာရသလားကွယ်............။

4 comments:

Anonymous said...

တယ်ဆိုတဲ့စာပါ့လား..
ဒီinstrumental ကိုငါတော်တော်ကြိုက်သွားပြီ
ကျေးကျေးစ်
Happy New Year မင်းကိုမပြောရသေးလို့ လာပြောတာ။း)

ရွှေပြည်သူ (ShwePyiThu) said...

နည်းနည်းတော့ နောက်ကျနေပေမယ့် Happy New Year ပါ မောင်လေးဖြိုးရေ။ နောင်နှစ်တွေမှာ Winder Blues ကနေ သက်သာရာရပါစေး) မွေးနေ့ဆုတောင်းအတွက်လည်း ကျေးဇူးတင်ပါတယ်နော်။

အိမ့်ချမ်းမြေ့ said...

ကဗျာတွေဆန်နေပါလားဖြိုး

မောင်မျိုး said...

မင်္ဂလာနှစ်သစ်ပါ ညီဖြိုးလေးရေ အခြေနေကောင်းနေတယ်ဆိုလို့ ၀မ်းသာပါတယ်ဗျား)