Sunday, August 23, 2009

Mexican Grilled Chicken

အစားအသောက်ပို့စ်လေးတွေလည်း Update မလုပ်တာကြာပြီဆိုတော့ ဒီတစ်ခါတော့အရသာရှိတဲ့ပို့လေးပေါ့...။ အစားဆိုရင်တော့လာထားဘဲ.. စမ်းစားကြည့်မယ် ကြိုက်ရင်နောက်ကြုံတဲ့အခါထပ်စား.. မကြိုက်ရင်တော့ဝေးဝေးရှောင်ပေါ့..။ ရန်ကုန်မှာတုန်းကတော့ အစားသောက်ဆိုရင် ထွေထွေထူးထူးမစားဖြစ်ဘူး.. တစ်ပတ်တစ်ခါလောက် ရှမ်းခေါက်ဆွဲ ၊ ကြေးအိုးသွားစားတာလောက်ပဲရှိတယ်..အိမ်မှာအမေချက်တဲ့ဟင်းတွေဘဲ စားဖြစ်တယ်..။ ဒါတောင် ထွက်စားချင်တယ်..အတင်းပြောမှ အမေကတစ်ခုခုစားချင်ရင် ကိုယ်တိုင်လုပ်ပေးချင်တာ..။ အိမ်ကလူတွေကလည်းအစားနည်းတယ်... နို့ဆီဘူး၂ လုံးချက်ရင် မနက်နဲ့ညစားတာတောင်မကုန်ဘူး...ဆွမ်းတော်ကပ်တာတို့..အိမ်ကြွတဲ့ဘုန်းကြီးဆွမ်းလောင်းတာတို့လည်းပါသေးတယ်..။ ဒီရောက်လာတော့ အိမ်ထမင်းအိမ်ဟင်းနဲ့ဝေး.. ကျောင်းနဲ့အပြင်မှာနေတာများတော့ အပြင်စာတွေဘဲစားဖြစ်တာပေါ့..။ (အတက်ပါကား စကားချပ် =D)


Western Food သိပ်မကြိုက်ဘဲ Asian Food တွေကိုသာနှစ်နှစ်ခြိုက်ခြိုက်စားတဲ့ကျွန်တော် ဒီနေ့ညနေတော့ Mexican Food စားဖြစ်တယ်ဆိုပါတော့..။ Mexican အစားအစာဆိုတော့ဘာလဲဆိုတာသိဖို့ဝေးသေး.. ချိုနဲ့လားတောင်မေးရမယ်.. ကြက်ကြော်လောက်ဘဲသိတာ..။ အဲဒါနဲ့စိမ်းစားကြည့်မယ်ဆိုပြီး.. အိမ်နဲ့သိပ်မဝေးတဲ့.. Jurong West Avenue 1 စတဲ့နေရာနားက "Char-Grill Bar" ဆိုတဲ့ ဆိုင်မှာ စားဖြစ်တယ်..(ကားနဲ့ဖြတ်သွားရင် မြင်ရပါတယ်)။ ဆိုင်ကတော့ Pasta နဲ့ ကင်ထားတဲ့အစားအသောက်တွေရောင်းတာပါ... Bar ဆိုလို့တကယ့် Bar မဟုတ်ပါဘူး..ဆိုင်နာမည်သက်သက်ပါ..။ Menu ကိုကြည့်ရင်းရွေးရင်းနဲ့ နောက်ဆုံးတော့ Mexican Grilled Chicken ပဲမှာလိုက်တော့တယ်...။



ကြက်သားကို Chicken Chop ပုံစံမျိုးကင်ထားပြီးတော့ ပေါ်က BBQ Sauce ရယ် Nacho Cheese ရယ်ဆမ်းပြီး ကြက်သွန်ပါးပါးလှီးထားတာကို ဖြူးထားပါတယ်...။ Set တစ်ခုလုံးမှာ ကြက်သားက အဓိကပေါ့..အရံအနေနဲ့ အပူနဲ့အအေး တစ်ခုစီရွေးလို့ရပါတယ်..။ အပူအနေနဲ့ French Fries ၊ အအေးအနေနဲ့ Pasta ခေါက်ဆွဲအလိမ်လေးတွေကို ချိစ်နဲ့နယ်ထားတာရွေးလိုက်တယ်..။ အရသာအနေနဲ့ကတော့ မဆိုးဘူး ..ကောင်းတယ်လို့ပြောရမယ် ..နည်းနည်းတော့အီမှာပေါ့..။ စားပြီးရင်တော့ Mint လေးငုံပေးရင်ကောင်းမယ်.. ကြက်သွန်ကအနံ့ထွက်လို့ပါ...။ ဒီနေ့တော့ ကြိုက်လည်းကြိုက်တဲ့ နောက်ကြုံရင်လည်းစားဖြစ်မဲ့ Mexican အစားသောက်တစ်ခုစားဖြစ်သွားတာပေါ့လေ..။

5 comments:

lwinwin said...

လာစားသွားတယ်....

Anonymous said...

ဒီကောင့်ဆီလာရင် တစ်ချိန်လုံးစားနေတာပဲ.. ငါလည်းဝိုင်းစားဦးမှ.. ငါစားတာတွေသာတင်ရရင်ဖြင့် ဘလော့ဂ်စာမျက်နှာလောက်အံ့မထင်..ဟဲဟဲ..

မိုးကောင်းသူ said...

အားပါးတရ စားသွားတယ်။

တောင်ပေါ်သား said...

အပြောက ပြောသွားသလိုပဲ အစားအသောက်ကတော့ ရေလည်သွားစားတယ်ဝေး နောက်တခါ ခေါ်ပါဦးဗျ

လေးစားလျက်
တောင်ပေါ်သား

ညီလင်းသစ် said...

မစားဖူးတာ မှန်သမျှ စမ်းစားမယ် ဆိုတဲ့စိတ်မျိုးရှိတာ ကောင်းတယ်ဗျ၊ အနည်းဆုံး တစ်ခါတော့ စားဖူးတာ ပေါ့၊ မြင်ရုံနဲ့ "ကောင်းမယ်မထင်ပါဘူး၊ မစားတော့ဘူး” ဆိုတဲ့လူတွေ တွေ့ဖူးလို့ပါ၊

Mexican food ထဲမှာတော့ chili con carne ကိုကျနော် မကြာခဏစားဖြစ်တယ်၊