Saturday, August 15, 2009

ကိုယ်နဲ့စားသောက်ဆိုင်မြို့တော်

ခုတစ်လော.. ဖေ့စ်ဘွတ်ခ် (Facebook) မှာကစားဖြစ်နေတဲ့ Restaurant City ဆိုတဲ့ဂိမ်းလေးပါ..။ ဆိုင်လေးဖွင့်ထားရသာ စိတ်ချမ်းသာပါတယ်..။ ကိုယ်လိုသလို ဆိုင်ပုံစံကိုစိတ်ကြိုက်ပြင်ဆင်.. ၊ ဟင်းအမည်တွေ စီစဉ်..၊ လာစားကြသူတွေဆီက ပိုက်ဆံရနဲ့.. ဆော့ပြီးရင်းဆော့ချင်နေပါတယ်...။ အချိန်ရရင် သူငယ်ချင်းတွေရဲ့စားသောက်ဆိုင်တွေဆီလိုက်လည်လို့ရသလို.... စားသောက်ကုန်တွေလည်း လဲလှယ်လို့ရပါသေးတယ်..။ ဆော့ရင်းနဲ့..စဉ်းစားမိတာက တစ်ချိန်ချိန်ကျရင် စားသောက်ဆိုင်လေးကောင်းကောင်းတစ်ဆိုင်လောက်... ကိုယ်ထူကိုယ်ထကြိုးစားပြီးဖွင့်ကြည့်ရင်ကောင်းမလားလို့...။ တကယ်လို့များဖြစ်လာခဲ့ရင်လည်း... လာလည်အားပေးကြပေါ့ဗျာ... :D ၊ (ပုံများကို ကလစ်နှိပ်ပြီး ကြည့်က ပိုကြည်လင်ပြတ်သားပါတယ်..)

ဆိုင်အ၀င်ဝလေးနဲ့ ထိုင်စောင့်ဖို့နေရာလေး...

စားဖိုမှူးတွေနဲ့ စားပွဲနေရာတွေ...

ဆိုင်မှာအလှပြင်ဆင်ထားတာတွေ...

အန္တရာယ်ဖြေရှင်းဖို့လည်း စိတ်မပူစေရဘူး..


ဆိုင်ကအစားအသောက်အချို့...


လာစားသူတွေများနေတဲ့အချိန်...

စားသောက်ဆိုင် အပြင်ဘက်ကလေး


အောက်ကတစ်ယောက်က စားသောက်ဆိုင်ပိုင်ရှင်လေ (အပြင်မှာနဲ့ ရုပ်ဆင်တယ်..)




7 comments:

rose of sharon said...

ဆိုင်ကအမိုက်စားလေးနော်... ကျမဆိုင်ကတော်တော်စုတ်တာ...

တောင်ပေါ်သား said...

အားလုံးလဲ ဒီမျက်နာတွေနဲ့ ရူးနေကြပြီး အဟီးး ကျနော့်မှာက အဲ့ဒါ ရှိဘူး ကျနော် ဖန်တောင်းထဲမှာ တနေကုန်နေတယ် အားနေရင် အပင်စိုက်နေတာဗျ


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

အဟက်.. ငါ့လူက လုပ်တတ်သား စိတ်ကူးယဉ်ဆန်ဆန်ဆိုင်ကလေး။ ကောင်း၏။ အပြင်မှာဖွင့်ဖြစ်ရင် ငါလည်းရှယ်ယာတူနော်.. မေ့နဲ့ဦး။
ဆိုင်ကအားလုံးကောင်းတယ်.. အိမ်သာကလွဲလို့ (ရှက်ရှက်စ်)

မိုးကောင်းသူ said...

စားသောက်ဆိုင်တော့ မဆော့ဖြစ်ဘူး။ လယ်ပဲ စိုက်နေတယ်။

ရွှေပြည်သူ (ShwePyiThu) said...

အစ်မ အခန်းဖော်လေးတော့ အဲဒီ Game ကို သိပ်ဆော့တာပဲ။ သူကတော်တော်တောင် ချမ်းသာနေပြီ။ ကိုယ့်ဘာသာ မဆော့တတ်ပေမယ့် သူဆော့ရင် ဘေးကနေငေးပြီး သဘောတွေ ကျနေကျ။

စကားမစပ် မောင်လေးဖြိုး တကယ်ဖွင့်ဖြစ်တဲ့ အခါကျရင် လာအားပေးပါ့မယ်။ Discount တော့ ပေးဦးနော် (ဈေးက ခုကတည်းက ကြိုဆစ်နေပြီး))

Phyo Evergreen said...

ကျွန်တော်လဲ ဆော့တာ ၄ လလောက်တော့ရှိပြီ...။ Discount လိုချင်ရင် Member card လုပ်ထားမှရမှာနော....။ card အလကားပေးမယ်လေ..။

Thinzar said...

decoration လေး လှလိုက်တာ.. အစ်မတော့ အခုမှ စကစားနေတုန်း :)