Monday, November 25, 2013

တောင်ကြီး


ဒီတစ်ခေါက် မြန်မာပြည်ပြန်တာ အချိန်သိပ်မရလို့ တောင်ကြီးမှာ (၃)ညပဲအိပ်ဖြစ်လိုက်တယ်..။ နောက်ဆုံးရက်တော့ အဘိုးအဘွားတွေကိုလိုက်ကန်တော့ဖြစ်တယ်...။ သီတင်းကျွတ်အချိန်ဆိုတော့ အိမ်တိုင်းအိမ်တိုင်းမှာ ညဘက်ဆိုမီးရောင်စုံတွေနဲ့....။ ညဘက်တော့ လေတအားတိုက်လို့ မီးပုံးတွေလုံးဝ ထွန်းလို့မရဘူး... မီးသီးတွေဘဲထွန်းရတယ်...။


မနက်စောစာထပြီး ဒေါ်နန်းပန်ဆိုင်မှာ ရှမ်းခေါက်ဆွဲသွားစားကြတယ်...။ ရန်ကုန်က ရှမ်းခေါက်ဆွဲတွေစားလို့မကောင်းဘူး... အမြဲစားဖြစ်တဲ့ဆိုင်ကတော့ ၄၇ လမ်းထိပ်က "နန်းထိုက်" မှာ..။ အရည်တစ်ပွဲ အသုပ်တစ်ပွဲစားခဲ့တယ်... ပဲသွေးမကြိုက်လို့ဖယ်စားတယ်... အဲဒီဆိုင်က တိုဖူးကြော် စားကောင်းတယ်.. အပြင်ကကြွပ်နေပြီး အထဲမှာ အရည်ပျော်ပျော်လေးနဲ့..။


နေခဲ့တဲ့ (၃)ရက်အတွင်း မိုးမရွာဘူး သိပ်လည်းမအေးဘဲ နေသာပြီးနေလို့ကောင်းတယ်...။ အိမ်ကောင်း၊ ကားကောင်း တွေများလာတယ်...။ အဘိုးအဘွား နဲ့ ဆွေမျိုးတွေအားလုံး ကျန်းကျန်မာမာနဲ့ဘဲ....။ သွားချင်တဲ့နေရာအချို့မရောက်ဖြစ်ပေမယ့်... တွေ့ချင်သူအားလုံးကိုတွေ့ခဲ့ရလို့ ကျေနပ်ပါတယ်...။



အမိုးနီနီနဲ့အိမ်ကလေးတွေ ၊ ချယ်ရီနဲ့ စိန်ပန်းပြာတွေ၊  တိမ်တိုက်တွေအောက်က တောင်တန်းပြာတွေ အားလုံးဟာ အခုတော့ လွမ်းစရာတွေပါ..။

4 comments:

Anonymous said...

ကိုယ်ဌာနေကို ပြန်ရတာလောက် မြိန်ရေယှက်ရေ နိုင်တာမရှိဘူး.
စားစရာတွေ ပေါတဲ့ တောင်ကြီးကို အကြိမ်ကြိမ်သွားရလည်း ဘယ်တော့မှ မမုန်းနိုင်

Anonymous said...

ကိုယ်ဌာနေကို ပြန်ရတာလောက် မြိန်ရေယှက်ရေ နိုင်တာမရှိဘူး.
စားစရာတွေ ပေါတဲ့ တောင်ကြီးကို အကြိမ်ကြိမ်သွားရလည်း ဘယ်တော့မှ မမုန်းနိုင်

စူးနွယ်လေး said...

:)

Anonymous said...

စာတွေ ရေးပါအုံး။