Friday, February 17, 2012

ခရေအတွေး

နေညိုချိန် ခင်တန်းမှာ
ခရေအကြွေတွေကို အတူတူကောက်..

နွမ်းကြေနေပေမယ့်
စိတ်အစဉ်ကို လန်းဆန်းစေသေးတဲ့
ပန်းခရေ...
မြတ်မြတ်နိုးနိုး သီကုံးလို့
အသာယာလေး မွှေးကြူပါရစေ...

လေပြည်ညှင်းမှာတော့
ရနံ့တွေထုံသင်းလို့
ခရေတွေကြောင့်လား ချစ်သူကြောင့်လား....


3 comments:

အိမ့်ချမ်းမြေ့ said...

လှလိုက်တာ..
အဲသလို ရေးတတ်ချင်လိုက်တာ...

သိင်္ဂါကျော် said...

ခရေတွေ ကောက်ရတာတော့ သဘောကျတယ်..
ကဗျာလေးလည်း လှတယ်..

Maung Myo said...

ချစ်သူက ခရေရနံ့ရတဲ့ေ၇မွှေးကလေးများ စွတ်လာ လားမသိဘူးနော့် ညီ