Wednesday, November 17, 2010

ဝေဒနာ

 

တိတ်ဆိတ်တဲ့ခြေသံ
လူအသိ မခံလိုပါ...

ကဗျာတွေဟာ ဝေဒနာ
စာမျက်နှာပေါ်မှာ အရိပ်ထင်လာတဲ့အခါ...

မှောင်တဲ့ကောင်းကင်အောက်မှာ
ညဟာ တဖြည်းဖြည်းသိပ်သည်းလာတယ်...

မျက်လုံးတွေကို
စည်းချက်ကျစွာ ပိတ်လိုက်တဲ့အချိန်မှသာ
အတိတ်ကမျက်နှာတွေကို ခပ်ရေးရေးမြင်ယောင်တယ်...

ကျော်လွန်ခဲ့တဲ့
ပြက္ခဒိန်နဲ့ နာရီတွေ
ရပ်တန့်အနားယူဖို့ အချိန်တန်ပြီကွယ်....

အသံတွေ နှုတ်ခမ်းဖျားမှာဆွံ့အနေလို့ရယ်
အာရုံတွေစုစည်းလို့သာ
အသေအချာနားထောင်လိုက်တော့တယ်...

နှလုံးသားက ဖွဖွလေးပြောတယ်
"ထာဝရ အိပ်စက်ပါတော့ကွယ်"

2 comments:

အိမ့်ချမ်းမြေ့ said...

ကိုဖြိုး...

ကဗျာဆွေးဆွေးလေးကို လာဖတ်သွားတယ်။
ထာဝရတော့ မအိပ်စက်ပါနှင့်ဦး.. နှလုံးသားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်..

...အလင်းစက်များ said...

အောင်မငှီး ....... ထာရတော့ မအိပ်စက်ချင်သေးဘူး ... အကြွေးဆပ်ဖို့ တွေ ကျန်သေးလို့ .. :D

ကဗျာကို အလွမ်းရသနဲ့  စီးမျော လိုက်တယ်... ဒါပေသည့် ခရစ်တော်မှာ အိပ်မပျော်ပါရစေနဲ့  .. အာလာ ဆီ လဲ မသွားပါရစေနဲ့  ဦး.... နတ်ပြည်လဲ မတက်ချင်သေး... :P