Tuesday, May 4, 2010

ချယ်ရီပင်အောက်


“ချယ်ရီပင်အောက်........
နောက်တစ်ခေါက်ပြန်တွေ့တဲ့အထိကွယ်......”


ဦးထီး သီချင်းတွေဆို အိမ်ကလူတွေကအကုန်လုံးကြိုက် ဦးလေးတစ်ယောက်ဆို ထွက်သမျှစီးရီး အကုန်ဝယ် နေ့တိုင်းလိုလိုဖွင့်တာ..။ ငယ်ငယ်ကတည်းက နားယဉ်နေတော့ ဦးထီးသီချင်းတွေကြိုက်ပေမယ့် ကြီးလာမှ သီချင်းစာသားတွေကို သေချာနားထောင်ကြည့်မှ ပိုပိုပြီးကြိုက်လာတယ်..။ အမေပြောတာတော့ ဦးထီးနဲ့ အမျိုးတော်တယ်ဆိုလားပဲ ( အဒေါ်ဝမ်းကွဲရဲ့ ဦးလေးဆိုတော့ ) တော်သလား မတော်သလားဘဲ..။ အခုလည်း သူတော့ ငြိမ်းချမ်းရာကို အရင်သွားနှင့်ပြီ..။ သီချင်းတွေအားလုံးထဲက ဒီ “ချယ်ရီပင်အောက် နောက်တစ်ခေါက်” ဆိုတဲ့ သီချင်းကို အကြိုက်ဆုံးဘဲ..။ ချစ်တဲ့ရှမ်းပြည် နဲ့ ချယ်ရီတွေအကြောင်းဆိုတော့ ကြိုက်မိတာလည်းမဆန်းပါဘူးဗျာ..။

သီချင်းကို YouTube မှာရှာတော့ VCD တွေတွေ့တယ်.. ဒါပေမယ့် နားကြပ်နဲ့ဆို တစ်ဖက်ကကြားပြီး နောက်တစ်ဖက်ကမကြားရဘူး..။ ဆိုတော့ MP3 ဖိုင်လည်းရှိနေတာနဲ့ ကိုယ်တိုင်လုပ်ဖြစ်သွားတယ်..။ ပုံတွေကိုတော့ ကိုရွာသား(အစ်ကိုရေ ပုံတွေယူသုံထားတယ်နော် ဘယ်လိုဆက်သွယ်ရမှန်းမသိလို့)၊ တောင်ကြီးချယ်ရီမြေ နဲ့ Taunggyi Family (Facebook Group) ကနေရယူပါတယ်..။ 

5 comments:

Anonymous said...

ချယ်ရီပင်အောက် နောက်တစ်ခေါက်ကို နားထောင်ရင်း ပန်းလေးတွေကို ငေးသွားပါတယ်၊
တောင်ကြီးက အမှတ်ရစရာတွေက ရုပ်ရှင်ပြကွက်တွေလို မှုံရီဝိုးဝွားစွာ ပေါ်လာခဲ့တယ်၊
ပန်းဓါတ်ပုံ ပိုင်ရှင်ရော သီချင်းကို ဖန်တီးသူ ဒီပိုစ့်ပိုင်ရှင်ကိုရော ကျေးဇူးတင်ပါတယ်။

~ဏီလင်းညို~ said...

ညီလေး....ကိုဖြိုးရေ......
ကိုဏီတို့ကတော့ ရန်ကုန်မှာပဲ နေခဲ့ရလို့ ချယ်ရီပန်းဆိုတာကို ပုံထဲမှာပဲတွေ့ဖူးခဲ့ရတာ........။
ဒါပေမယ့် ကိုထီးသီချင်းတွေကိုတော့ ဂစ်တာတီးတတ်စအရွယ်ကတည်းက...... သီချင်းစာအုပ်ပေါင်းချုပ်ဝယ်ပြီး....... တီးခဲ့တာမို့.......ဒီသီချင်းလေးကို နားထောင်ရင်း........ ဂစ်တာ အတူတီးခဲ့ဖူးတဲ့ သူငယ်ချင်းတွေကို အချောင်ဝင်လွမ်းသွားမိသေးရဲ့ဗျာ.......း))
၂၀၀၇ ဇူလိုင်တုန်းက..... ကိုဏီ ဒီက ခဏပြန်ရင်း......ကလောမှာရှိတဲ့ သူငယ်ချင်းဆီကိုသွားလည်တော့..... သူလိုက်ပို့လို့ တောင်ကြီးရောက်ခဲ့ဖူးတယ်.....း))


ခင်မင်တဲ့
ဏီလင်းညို

အိမ့်ချမ်းမြေ့ said...

လာလွမ်းသွားတယ်..

မလေးလည်း ဦးထီးသီချင်းတွေ နောက်ပိုင်းတော်၂ကြိုက်တယ်..
"မင်းပန်မယ်ဆိုရင်.. ကိုယ်ခူးပေးပါ့မယ်.."
"မောင့်လပြည့်ဝန်း"

အဲဒါလေးတွေ...

အိမ့်ချမ်းမြေ့ said...

ဦးထီးသီချင်းကလေ.. ဂျင်နရေးရှင်းတိုင်း ကြိုက်တယ်နော်.. သေချာသူ့စာသားတွေကို ခံစားရင် အနုပညာသိပ်ဆန်တယ်၊ သိပ်နူးညံ့တယ်၊ လူတိုင်းနဲ့ သက်ဆိုင်တဲ့ ဘ၀အဖြစ်တွေကို ဖွဲ့ဆိုထားတာနော်..

ဦးထီးကတော့ legend ပါပဲ။

Maung Myo said...

တောင်ကြီးဘက်ကို အလည်မရောက်ဖူးသေးဘူး ဦးထီး ရဲ့ သီချင်းတွေကိုတော့ ကြားဖူးနေတာကြာပြီး ညီလည်း လွမ်းနေတယ်ထင်ပါ့း)