Saturday, November 14, 2009

ကမ္ဘာမပျက်ခင် တစ်လအလို...

အစ်မအိမ့်ချမ်းမြေ့က သတိတရနဲ့တက်ဂ်ထားပါတယ်..။ အတတ်နိုင်ဆုံး ရိုးရိုးသားသား စဉ်းစားထားတာလေးတွေကို ပြောပြချင်ပါတယ်..။

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ
ကွဲကွာနေပြီးမတွေ့တာကြာပြီဖြစ်တဲ့ ခင်မင်တဲ့ဆွေမျိုးအပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းတွေ တစ်ယောက်ချင်းစီကိုပြန်တွေ့ချင်တယ်။
အတူရှိနေစေချင်တဲ့သူတွေကတော့ မိသားစုနဲ့ ကိုယ့်အချစ်ဆုံးသူတွေပဲပေါ့.. တကယ့်ကိုနီးနီးကပ်ကပ်ရှိနေချင်တယ်..။

(၂) ဘာတွေခံစားနေရလဲ
ဟိုရှေးရှေးကလည်းက အခုလက်ရှိအချိန်အထိ လူတွေပြုလုပ်ဖန်တီးခဲ့သမျှအရာတွေအားလုံး တစ်ခဏချင်းပျောက်ကွယ်သွားမှာကိုတော့ တကယ်နှမြောမိတယ်..။ ကိုယ်တစ်ယောက်လည်းမဟုတ်ဘဲ လူသားအားလုံးကြုံတွေ့ကြရမှာဘဲဆိုတော့လဲ တရားမျှတပါတယ်လို့ထင်ပါတယ်..။

(၃) ဘာတွေပြင်ဆင်ထားမလဲ
ဒီမေးခွန်းအတွက်တော့သိပ်မစဉ်းစားမိဘူး.. စိတ်တွေမတုန်လှုပ်မိအောင်ဘဲကြိုးစားပြင်ဆင်ထားမယ်..။

(၄) ၀မ်းနည်းမိတာက
မရောက်ဖူးသေးတဲ့ သွားလည်ချင်တဲ့ ကမ္ဘာအနှံ့ကနေရာတွေကို မရောက်ဖြစ်လိုက်မှာအတွက်တော့ ၀မ်းနည်းမိမယ်ထင်တယ်။

(၅) ကြောက်လန့်မိတာက
နာကျင်နစ်မွန်းနေမှာကိုကြောက်တယ်.. ရေနစ်တာမျိုး၊မသေမရှင်ဖြစ်တာမျိုးမဖြစ်ချင်ဘူး။ မီးပွားစလေးတစ်စလိုဘဲ ဖျတ်ကနဲ ပျောက်ကွယ်သွားတာမျိုးဘဲဖြစ်ချင်ပါတယ်..။

(၆) ဆောင်ထားချင်တာက
အစားအသောက်နဲနဲကိုတော့ ကျောပိုးအိတ်ထဲထည့်ထားမယ်.. ဗိုက်ဆာမှာစိုးလို့.. :D

(၇) ဘာတွေရေးမိမလဲ
စာကြောင်းအချို့ ..ချိုချင်ချိုမယ်...ခါးချင်ရင်လည်းခါးသက်မယ် ဘာမှမသေချာပါဘူး

(၈) တွေးမိတွေးရာ
ဘ၀ဆိုတာဘာလဲလို့ဘဲ အထပ်ထပ်စဉ်းစားမိမယ်.. ပျက် ဖို့အတွက် ဖြစ်လာတယ်ဆိုရင်.. နောက်ထပ်ဘာမှထပ်မဖြစ်ချင်တော့ပါဘူး..။ ဖြစ်ခြင်းပျက်ခြင်းကင်းရာကိုဘဲရောက်ချင်ပါတယ်..။

(၉) ဂုဏ်ယူချင်တာက
အခုလက်ရှိနေနေတဲ့အချိန်အတိုင်းအတာတစ်ခုအထိတော့ ဘ၀ကိုကျေနပ်တယ်.. အဲဒီအတွက်ကြောင့်ဘဲ

(၁၀) ရှာကြံဖြေသိမ့်ချင်တာက
တစ်လအကြာမဟုတ်လဲ တစ်နေ့နေ့တော့ ဖြစ်မှာဘဲ..

(၁၁) ပြောချင် ကြားစေချင်တဲ့စကားလေးတစ်ခွန်း

"who doesn't long for someone to hold;
who knows how to love you without being told;
somebody tell me why I'm on my own;
if there is a soul-mate for everyone?"

သိပ်စဉ်းစားတာတွေများသွားပြီထင်တယ်.. ကိုယ့်ကိုကိုယ်အနားပေးလိုက်ပါအုံးမယ်..။

5 comments:

khin oo may said...

သူတို့စဉ်းစားခိုင်းတာကိုး

အိမ့်ချမ်းမြေ့ said...

လက်ပ်တော့ပ် မရှိတဲ့ကြားက တကူးတက ရေးပေးတာတွက် ကျေးဇူးတင်ပါတယ်..း)

if there is a soul-mate for everyone?

ဆိုတာလေးကို အရမ်းကြိုက်တယ်...

So far.... I believe that our souls will never be known enough - that others will never know who we really are, what our dreams are. The deepest part of our soul is 'the never-land.'

ကိုယ့်ဟာကိုယ် ရေးချင်တာတွေ ရေးသွား၏း)

ခင်မင်လျှက်...

~ဏီလင်းညို~ said...

တက်ပို့စ်လေးလာဖတ်သွားတယ်..ညီလေး...။
ရှာကြံဖြေသိမ့်ချင်တာက...အဖြေလေးကို...အရမ်းသဘောကျမိတယ်...။

ခင်မင်တဲ့...
ဏီလင်းညို...

Maung Myo said...

ညီ စဉ်းစားတဲ့ နံပါတ် ၈ အကြောင်းလေးကို အရမ်းကြိုက်တယ်ကွာ ။ ဟုတ်တယ် ဖြစ်သမျှဟာ ပျက်ဖို့ ဖြစ်လာတာဆိုရင် ဘာမှထပ်မဖြစ်ချင်တော့ဘူး ။ တွေ့ဆုံခြင်းဟာလည်း ခွဲခွာဖို့ အတွက်ဆို၇င်လည်း နာကျင်ရလွန်းလို့ မဆုံတွေ့ချင်တော့ပါဘူး ။ အတွေးလေးတွေ ကောင်းတယ် ညီ ။

Anonymous said...

soul-mate ဆိုပါ့လား ဒီကောင်လေး။