Sunday, November 2, 2008

နောက်တစ်ကြိမ်


အတူတူရှိနေချိန်လေး ပြီးဆုံးသွားတာတောင်
တစ်ချိန်ကျ ပြန်တွေ့ဖို့
ကိုယ်တို့ဆုတောင်းခဲ့ဖူးတယ်.....။

ကိုယ်တို့နှစ်ဦး တွေ့ဆုံခဲ့တာကိုပဲ
ငြင်းပယ်လို့ မရတဲ့ ဖူးစာလို့
မင်းဆိုမလား........


ဒီနေ့လို ကြည်နူးစရာ အဖြစ်မျိုးလည်း
နောက်တစ်ကြိမ် ထပ်ကြုံရအုံးမလားဆိုတာကိုတော့
ကိုယ်လေ အံ့သြမိတယ်...။
ဘ၀အမောပင်လယ်မှာတော့
ကိုယ့်အတွက် ဆုလာဘ်ဟာ.....မင်းပါ.....


တွေ့ဆုံချိန်လေး တိုတောင်းပေမဲ့ ...
အိပ်မက်တစ်ခုမဟုတ်တာတော့
ကိုယ်ယုံကြည်ထားတယ်.....။



ဒီဘ၀မှာ မပိုင်ဆိုင်နိုင်တဲ့ အချစ်တွေ နဲ့
မဆုံနိုင်တဲ့ ဖူးစာတွေအတွက်...
နောက်တစ်ကြိမ် များပြန်ဆုံကြရင်...
ကိုယ့်ကိုလေ...
ကျေးဇူးပြုပြီး ခွဲမသွားပါနဲ့..
မင်းနဲ့ အမှတ်တရတွေသာ
ကိုယ့်ရင်မှာ စွဲထင်ကျန်ရစ်နေတာပါ.........။

3 comments:

ခေါင်ခေါင် said...

အမှတ်တရများ.. အကြိမ်ပေါင်းများစွာ ရရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်....
ကဗျာလေး ကောင်းတယ် မောင်လေး...

ဖြိုးငယ် said...

ဒီဘ၀မှာ မဆုံနိုင်တဲ့ ဖူးစာဆိုတော့ နောက်ဘ၀တွေမှ ပေါ့ ..

WWKM said...

ဒီဘ၀မှာ မပိုင်ဆိုင်နိုင်တဲ့ အချစ်တွေ နဲ့
မဆုံနိုင်တဲ့ ဖူးစာတွေအတွက်...
နောက်တစ်ကြိမ် များပြန်ဆုံကြရင်...
ကိုယ့်ကိုလေ... ကျေးဇူးပြုပြီး ခွဲမသွားပါနဲ့..
မင်းနဲ့ အမှတ်တရတွေသာ
ကိုယ့်ရင်မှာ စွဲထင်ကျန်ရစ်နေတာပါ.........။

ကဗျာလေးတွေက တော်တော်ကောင်းနေပါလားမောင်
လေးဖြိုးရဲ့။ ခံစားချက်တွေ..ခံစားချက်တွေ...း)
အဆင်ပြေပါစေ မောင်လေး ရေ။