Monday, March 2, 2009

ပဟေဠိ အဖြေညှိ




ပဟေဠိ အဖြေညှိကြည့်ရအောင်ဗျာ..။ မြေပုံတော့ မြေပုံတစ်ခုပါဘဲ..။ ဘယ်ဒေသရဲ့ မြေပုံလဲဆိုတာ မှန်းကြည့်ကြပါ...။ သိတဲ့သူများပြောပါ.. မသိသူများ အောက်မှာအဖြေကြည့်နိုင်ပါတယ်..။ သတိရလို့ ဆွဲဖြစ်တဲ့ပုံလေးပါ..။ (အောက်မှာ စာတွေရှိပါသေးတယ်..။ select လုပ်ပြီးကြည့်ပါ) (လွယ်လွယ်ကြည့်လို့မရအောင်လို့ပါ..)။ အဖြေသိချင်ရင် Ctrl+A နှိပ်ပါ..။ ပုံကို ကလစ်လုပ်ပြီးအကြီးချဲ့ကြည့်နိုင်ပါတယ်..

၁။ ထင်းရှူးပင်တွေ ၀ိုင်းနေတဲ့ချစ်စရာ ကလောမြို့..
၂၊ အောင်ပန်းမြို့
၃။ ပင်းတယ
၎။ မြို့အမည်ခေါ်ရင် ပါးစပ်မပိတ်တဲ့မြို့ .. ဟဲဟိုး..
၅။ တောင်လေးလုံး
၆။ သာယာတဲ့ ခေါင်တိုင် ဖင်ပူစမ်း (ရေပူစမ်းပါ.. ငယ်ငယ်ကရေထဲဆင်းတော့ ဖင်ပူလောင်ဖူးလို့ပါ)
၇။ ကျီးဖြူကန်
၈။ ရွှေညောင်မြို့
၉။ ညောင်ရွှေမြို့
၁၀။ အင်းလေးကန်
၁၁၊။ စက်မှုဇုန်
၁၂။ အေးသာယာမြို့သစ်
၁၃။ တောင်ကြီးချယ်ရီမြေ...

လွမ်းလိုက်တာ သတိရလိုက်တာ.. ရွှတ်ရွှတ်..