တဖိတ်ဖိတ်တောက် နဂါးငွေ့တန်းအောက်
အချစ်ပျောက်ရှာတော့
လှိုင်းရေတွေအောက်...
ကြယ်တွေလား အလင်းမှုန်တွေလား အတွေးစတွေလား မသဲကွဲ...
လေပြည်တွေလား ရေလှိုင်းတွေလား နူးညံ့တဲ့လက်တစ်စုံလား
အနားနား တိုးဝေ့လာမှုမှာ
နွေးထွေးစွာ မရေမရာ..
ကာရေဘီယံရဲ့ ညတွေဟာ...
ကိုယ့်အထင်တော့
တိတ်ဆိတ်ငြိမ်သက်စွာ တစိမ်းဆန်စွာ.
ခံစားမှုတွေကို မွန်းကြပ်သိပ်သည်းစေတယ်...
ဝေးကွာလွန်းခဲ့တယ်...
ကာရေဘီယံရဲ့ ညတွေအလယ်...