Monday, January 24, 2011

မက်မွန်ရောင်မီးပုံး


ရေတံခွန်ဟာ
နှလုံးသားတွေ ခမ်းခြောက်တဲ့အထိ
တိတ်တိတ်လေး စီးဆင်းနေခဲ့ဖူးတယ်...

ခဏတာလေးလို့ပြောပေမယ့်
ရင်ကွဲပက်လက်ဖြစ်နေတဲ့
နှင်းဆီတစ်ခက်အတွက်တော့
အချိန်တွေသာ ခပ်နက်နက်ဆူးနစ်နေခဲ့.....

အသံတွေမကြားပေမယ့်
စကားလုံးတွေဟာ
ဆောင်းရာသီကောင်းကင်မှာ
မက်မွန်ရောင် မီးပုံးတွေအနေနဲ့သာ
မှိန်ဖျော့ဖျော့ လွင့်မျောလို့ရယ်.........


Saturday, January 1, 2011

The First Time

မင်္ဂလာနှစ်သစ်မှာ စာလာဖတ်သူအပေါင်း၊ ဘလော့ပေါ်ကညီအစ်ကိုမောင်နှမအားလုံး ပျော်ရွှင်ကျန်းမာပြီး ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေအကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်..။ ကျွန်တော့်အတွက်တော့ ၂၀၁၀ ဟာမြန်မြန်ဆန်ဆန် ရိုးရိုှးရှင်းရှင်းနဲ့ပဲ ကုန်ဆုံးသွားတယ်..။ ၂၀၁၁ မှာဖြစ်လာမယ့် ရှိလာနိုင်မဲ့အပြောင်းအလဲတွေအတွက် ကြိုတင်ပြင်ဆင်ရင်း.......................။

အခုတလော စိတ်ထဲပါးစပ်ထဲစွဲနေတဲ့သီချင်းတစ်ပုဒ်ရှိတယ်...။ စာလာဖတ်သူတွေကိုလည်း ၂၀၁၁ မှာဦးဦးဖျားဖျားနားထောင်မိစေချင်တယ်..။ သီချင်းနံမည်က The First Time Ever I Saw Your Face တဲ့..။ ပြန်ဆိုထားတာတွေအများကြီး ဆိုထားတဲ့ဗားရှင်းတိုင်းကိုကြိုက်တယ်... စာဖတ်သူတွေကိုလည်းတစ်ပုဒ်ချင်းဆီကို အချိန်ရရင် နားထောင်မိစေချင်တယ်...။ Leona Lewis ဆိုထားတာတော့ အကြိုက်ဆုံးဘဲ... အဲဒီမှာသူမသိပ်လှနေတယ်.. :)..။ Roberta နဲ့ Matt ဆိုထားတာလည်းကောင်းတယ်..။ Celine Dion ဆိုထားတာကနားထောင်လို့ကောင်းပေမယ့် ... emotion သိပ်မပါဘူးလို့ထင်တယ်....။